img.emoticon { padding: 0; margin: 0; border: 0; }

Monday, August 12, 2013

ပြည်သူများ၏ နစ်နာမှုများ တိုင်ကြားရန် တယ်လီဖုန်းများကို ရဲတပ်ဖွဲ့မှူးရုံးများတွင် တပ်ဆင်ထားပြီး ၂၄ နာရီ ဖြေရှင်းပေး

ပြည်သူများ၏ နစ်နာမှုများ တိုင်ကြားရန် တယ်လီဖုန်းများကို ရဲတပ်ဖွဲ့မှူးရုံးများတွင် တပ်ဆင်ထားပြီး ၂၄ နာရီ ဖြေရှင်းပေးလျက်ရှိကြောင်း သိရသည်။ ပြည်သူများ၏ နစ်နာမှုများ တိုင်ကြားရန် တယ်လီဖုန်းများကို ၁၁-၂-၂၀၁၃ ရက်မှစ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်တွင် တယ်လီဖုန်း ၂ လုံး၊ နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံး အပါအ၀င်၊ ကျန်တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးများတွင်လည်း တစ်လုံးစီ တပ်ဆင်၍ ဖြေရှင်းပေးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်တွင် တပ်ဆင်ထားရှိသည့် ပြည်သူများမှ တိုင်ကြားရန် တယ်လီဖုန်းအမှတ် ၀၆၇-၄၁၂၂၂၂ နှင့် ၀၆၇-၄၁၂၄၄၄ တို့တွင် တာဝန်ခံအရာရှိ ဒုရဲမှူးဦးစီးအဖွဲ့ နှစ်ဖွဲ့ဖြင့် အဆိုင်းခွဲ၍ တာဝန်ချထား ဆောင်ရွက်လျက်ရှိကြောင်း၊ အရာရှိများကိုယ်တိုင် ပြည်သူများ၏ တိုင်ကြားချက်များအား လက်ခံ ရေးမှတ်ယူခြင်း၊ သိရှိလို၍ စုံစမ်းမေးမြန်းမှုများနှင့် ရဲလုပ်ငန်းနှင့် ဥပဒေရေးရာဆိုင်ရာ အကြံဉာဏ် တောင်းခံမေးမြန်းမှုများကိုလည်း ရှင်းပြကူညီ ဖြေကြားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆောင်ရွက်မှုများကို နေ့စဉ် မှတ်ပုံတင် မှတ်တမ်းနှင့် အသံမှတ်တမ်းဖိုင်များအား စနစ်တကျ ထားရှိကြောင်း ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား