img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, July 24, 2013

၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်

၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲ ဖြေဆိုခဲ့ကြသော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံများကို သြဂုတ်လ ၁ ရက် (ကြာသပတေးနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန် ဖြစ်ပါသည်။ အဆိုပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို သြဂုတ်လ ၅ ရက်မှ သြဂုတ်လ ၂၅ ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) တွင် လျှောက်ထားနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) သထုံလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့ ဖုန်း-၅၃၇၆၇၇ နှင့် ၅၂၅၆၁၂ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား