img.emoticon { padding: 0; margin: 0; border: 0; }

Friday, July 26, 2013

မြန်မာ-ဗီယက်နမ် ဘဏ်နှင့် ငွေရေးကြေးရေး ကဏ္ဍဆိုင်ရာ ဆွေးနွေး

IT Solution For Banking & Finance Institutions in Myan-mar & Vietnam ဆွေးနွေးပွဲကို ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနား ဟိုတယ်၌ ယနေ့ နံနက် ၁ဝ နာရီတွင်ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ အမျိုသား လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ နှင့်ဗီယက်နမ်နိုင်ငံ တို့မှ ကွန်ပျူတာ လုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဘဏ်နှင့် ငွေရေးကြေးရေးကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာ ဆိုင်ရာ စီးပွားရေး ကဏ္ဍများ တွင် ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ် နှံမှုများ တိုးမြှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရန် အဆွေတော် ဗီယက်နမ်နိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၏ ခရီးစဉ် အတွင်း ဗီယက်နမ် နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအား ခေါ်ဆောင်လာ သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် အာဆီယံ မိသားစု အဖွဲ့ဝင်များဖြစ်သည့် အပြင် ဒေသဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သည့်
GMS/ACMEC စသော အဖွဲ့အစည်းများ တွင်လည်း ပါဝင်ကြောင်း၊ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ Gate Way ဖြစ်သည့်အတွက် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့ အစည်းများ ဖြစ်သော ဘဏ်များ၊ အာမခံ ကုမ္ပဏီများအပြင် IT ကုမ္ပဏီများ ရုံးစိုက်ရာမြို့နှင့် နိုင်ငံတော် စီးပွားရေး မြို့တော်လည်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း စီးပွားရေးဆိုင်ရာ ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင် ရွက် နိုင်ရန်အတွက် ရန်ကုန်မြို့ကို ခေတ်မီမြို့ တစ်မြို့ဖြစ်စေရေး စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍသည် ဗီယက်နမ် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ခဲ့မှုတွင် အရေးပါသောအခန်း ကဏ္ဍမှပါဝင်သည်ကိုလည်း ဂရုပြုမိကြောင်း၊  ဗီယက်နမ်နိုင်ငံမှ IT ကုမ္ပဏီ များ အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွင် ရင်းနှီးမြှုပ်နှံဆောင် ရွက်ရန်အတွက် ကြိုဆို ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဗီယက်နမ်နိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ. E. Mr. NG-UYEN SINH HUNG က နှုတ်ခွန်းဆက် စကားပြောကြားပြီး ဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား