သမ္မတဦးသိန်းစိန် World Economic Forum ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ - AFP)
မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်ရန် နိုင်ငံတကာ၏
ရင်းနှီးမြှုပ်နှံမှုများနှင့် အသိပညာပိုင်း ပါဝင်ရေးသည် အရေးပါကြောင်း သမ္မတ
ဦးသိန်းစိန်က နေပြည်တော်တွင် ဇွန် ၆ ရက်က ပြောကြားသည်။
နေပြည်တော်တွင်
သုံးရက်ကြာ ကျင်းပခဲ့သည့် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်
ဖွင့်ပွဲအခမ်းအနားတွင် သမ္မတဦးသိန်းစိန်က ယင်းသို့
ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျွန်တော်တို့ဟာ စစ်အုပ်ချုပ်ရေးပုံစံကနေ ဒီမိုကရေစီကို ကြိုးကြိုးစားစား လျှောက်လှမ်းနေပါပြီ။ ၁၉၄၈ ခုနှစ်က လွတ်လပ်ရေး ရပြီးကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့နဲ့ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးစနစ်ကနေ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ ဒီလုပ်ငန်းစဉ်မှာ လမ်းချော်မသွားပါဘူးလို့ ကတိပေးပါတယ်... |
''မြန်မာနိုင်ငံကို
သမိုင်းတစ်လျှောက် အကောင်းမွန်ဆုံး ကာလမှာ
ခင်ဗျားတို့ ရောက်ရှိလာတာ
ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အုပ်ချုပ်ရေးပုံစံကနေ ဒီမိုကရေစီကို
ကြိုးကြိုးစားစား လျှောက်လှမ်းနေပါပြီ။ ၁၉၄၈ ခုနှစ်က လွတ်လပ်ရေး
ရပြီးကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို
အဆုံးသတ်ဖို့နဲ့ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးစနစ်ကနေ လွတ်လပ်တဲ့
ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။
ဒီလုပ်ငန်းစဉ်မှာ လမ်းချော်မသွားပါဘူးလို့ ကတိပေးပါတယ်။ ပြီးတော့
နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အသိပညာပိုင်းဆိုင်ရာ
ထောက်ပံ့မှုတွေကို လုပ်ပေးနိုင်မယ်ဆိုရင် အောင်မြင်ဖို့အတွက် အထောက်အကူ
ဖြစ်နိုင်ပါတယ်'' ဟု သမ္မတဦးသိန်းစိန်က ဖိုရမ်သို့ တက်ရောက်လာသည့်
ကိုယ်စားလှယ်များအား ပြောကြားသည်။
နေပြည်တော်တွင်
ကျင်းပသည့် အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ နိုင်ငံပေါင်း ၅၀ ကျော်မှ
ကိုယ်စားလှယ် ၉၀၀ ခန့် တက်ရောက်ခဲ့ပြီး ကိုယ်စားလှယ် အများစုမှာလည်း
မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်ကို လေ့လာခွင့် ရရှိခဲ့သည်။
''အခုလက်ရှိ
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အချိန်မှာ နိုင်ငံတစ်ပတ်လည်ပတ်ဖို့
အကြံပြုလိုပါတယ်။ အဲဒါဆိုရင် မြန်မာပြည်သူတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့
အနာဂတ်တစ်ခုကို တည်ဆောက်ပြီး သူတို့ဘ၀တွေ တိုးမြှင့်ဖို့ ကြိုးစားနေတာကို
တွေ့မြင်ကြရမှာပါ'' ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
အရှေ့အာရှ
ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို နေပြည်တော်တွင် ကျင်းပခွင့်ရသည့်အတွက်
ဝမ်းသာပါကြောင်း၊ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း၌ မိမိတို့ဒေသတွင်
ကြီးမားသည့် စီးပွားရေး တိုးတက်မှုများ ဖြစ်လာသည်ကို
တွေ့မြင်ခဲ့ကြရပါကြောင်း၊ နိုင်ငံပေါင်းများစွာတွင် လူငယ်မျိုးဆက်များသည်
ထူးခြားသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုများ၊ အခွင့်အရေးတန်းတူ
ညီမျှမှုများရှိသည့် ခေတ်တစ်ခေတ်ကို ရောက်ရှိလာခဲ့ပါကြောင်း၊ ယခု
ဆွေးနွေးပွဲတွင် စိန်ခေါ်မှုများ အကြောင်းကို ဆွေးနွေးငြင်းခုံပြီး
အဖြေထုတ်မည်ဟု ယုံကြည်ပါကြောင်း သမ္မတဦးသိန်းစိန်က ၎င်း၏ မိန့်ခွန်းထဲတွင်
ထည့်သွင်းပြောကြားသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား