အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နဲ့ ကော့မှူးမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်ဟာ ဒိကနေ့ (ဇူလိုင် ၁၆) ည
၈နာရီမှာ အမေရိကန်အထက်လွှတ်တော် အမတ် mitch mcconnell နဲ့
တယ်လီဖုန်းနဲ့ဆက်သွယ်ပြီးတော့BFDA (Burma Freedom and Democracy Act) ကိစ္စ
ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးကြရာမှာ မြန်မာ-အမေရိကန် ချစ်ကြည်ရေး
တိုးတက်ဖို့ ကိစ္စ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ
အရှိန်အဟုန် မြှင့်တက်လာရေး ကိစ္စ၊ မြန်မာပြည်သူ လူထုဘ၀များ
ပိုမိုတိုးတက်ကောင်းမွန်ရေးကိစ္စတွေကို ရှေးရှုပြီးတော့ ဆွေးနွေးကြတယ်လို့
သိရပါတယ်။
BFDA ဟာ အမေရိကန်အထက်လွှတ်တော်ကနေ သမ္မတ ဘုရှ်လက်ထက်
၂၀၀၃ခုနှစ်မှာ မြန်မာနိုင်ငံအပေါ် စိးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့
ချမှတ်ထားတဲ့ဥပဒေဖြစ်ပြီးနောက်တစ်ပတ်ထဲမှာ
သက်တမ်းတိုးမြှင့်ရေးနဲ့ပတ်သက်ပြိး အမေရိကန်လွှတ်တော်မှာ ဆွေးနွေးဖို့
ရှိနေတာပါ။ အရင်တပတ် သောကြာနေ့ ဇူလိုင်၁၃ရက် နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့
ပြည်သူလွှတ်တော်မှာ တင်သွင်းသွားတဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့
သက်ဆိုင်တဲ့အဆိုနဲ့ အခုဆွေးနွေးမှုဟာ ဆက်စပ်မှု ရှိနေတယ်လို့လည်း
သိရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ မက်ကော်နယ်တို့ရဲ့ ဆွေးနွေးမှုကနေ
ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ မျှော်လင့်ပါတယ်လို့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က
ဒီဗွီဘီကို ပြောဆိုသွားပါတယ်။
Monday, July 16, 2012
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိကနေ့ (ဇူလိုင် ၁၆) ည ၈နာရီမှာ အမေရိကန်အထက်လွှတ်တော် အမတ် mitch mcconnell နဲ့ တယ်လီဖုန်းနဲ့ဆက်သွယ်ပြီးတော့BFDA (Burma Freedom and Democracy Act) ကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား