နှောင့်ယှက်လိုသူများမှ
ဝင်ရောက်ပူးပေါင်း၍ လှုံဆော်ခြင်း၊ ဆူပူရမ်းကားမှုများ ပြုလုပ်နိုင်သဖြင့်
လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ပျက်ပြားနိုင်ကြောင်း၊
လွမ်းသူ့ပန်းခွေချမည့်နေရာသည် လူစည်ကားရာနေရာဖြစ်သည့်အပြင်
လမ်းဆုံလမ်းခွဖြစ်သဖြင့်
ယာဉ်ကြောပိတ်ဆို့မှုများ ယာဉ်တိုက်မှုများ ဖြစ်ပွားနိုင်ကြောင်း စသည့်
အကြောင်းပြချက်များဖြင့် အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ၆၅နှစ်မြောက်
အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချ ချီတက်ရန် ငြိမ်းချမ်းစွာစုဝေးခွင့်၊
စီတန်းလှည့်လှည်ခွင့် နည်းဥပဒေအရ လျှောက်ထားခြင်းကို
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို ပျဉ်းမနားဒေသခံ စာနယ်ဇင်းများ၊ ပြည်သူများ၏ စုပေါင်းစီစဉ်မှုဖြင့် ဦးမျိုးတေဇာမောင်မှ တရားဝင်ခွင့်ပြုမိန့်တောင်းခံခဲ့ခြင်းဖြစ်သည်။ ငြင်းပယ်ခြင်းနှင့် ပတ်သက်၍ “အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချမှာကို နှောင့်ယှက်လိုသူတွေ၊ ဆူပူအောင်လှုံဆော်သူတွေ ပါလာမှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်တာကို ထောက်ပြပြီး အယူခံဝင်သွားမယ်”ဟု ဦးမျိုးတေဇာမောင်က ပြောသည်။

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား