img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, July 3, 2012

ဇာတ်သဘင်ကို အထင်ကြီးလာအောင် အကောင်အထည်ဖော်နေသူ စွမ်း

စွမ်းကသဘင့်ဦးသျှောင်ဂရိတ် ဦးဘိုးစိန်ရဲ့ နှစ်၁၃ဝပြည့် ဖျော်ဖြေပွဲမှာ ပါဝင် ဖျော်ဖြေခဲ့ပြီး ခုပွဲက တခြားပွဲတွေနဲ့မတူဘဲ ခုလိုကပြနေရတာ ဘဘဦးဘိုးစိန် တီထွင်ခဲ့လို့ လုပ်နေရတာဖြစ်ကြောင်း၊ သူ့ရဲ့ပညာနဲ့စားသောက်နေရတာ ဖြစ်တဲ့အတွက် ကိုယ်တတ်တဲ့ပညာနဲ့ ဘဘဦးဘိုးစိန်ကို ကန်တော့ချင်တဲ့အတွက် ပါဝင် ကပြခြင်းဖြစ်ကြောင်း စွမ်းကပြောပါတယ်။
တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ ဦးဘိုးစိန်၊ မယ်အောင်ဗလ အစီအစဉ်မှာ မယ်အောင်ဗလအဖြစ်ကပြဖို့အတွက် ပွဲက လူကြီးတွေအားလုံးက ကခိုင်းတဲ့အတွက် ကပြခဲ့ ရတာဖြစ်ပြီး မင်းသမီးလိုကရတဲ့ အခက်အခဲတွေကို “အရင်တစ်ခါ မိန်းကလေးလို ဒေါ်မိုးကတာ အခက်အခဲမရှိဘူး။ ထဘီက လက်နားမပါဘူး။ အခုက ထဘီလက်နား ပါတယ်။
ထဘီနဲ့ကလေ့ကထမရှိတော့ တော်တော်ဒုက္ခရောက်ခဲ့တယ်။ မကတတ်ဘူးဖြစ်နေတယ်။ ယဉ်ကျေးမှုက  ဆရာဦးခင်မောင်ဝင်းက သင်ပေးပါတယ်။ ပထမ အကြိမ်ကတုန်းက စိတ်လှုပ်ရှားမှုမရှိဘူး။ အခု ဒုတိယအကြိမ်မှာ စိတ်ပူနေတယ်။ ဇာတ်ခုံပေါ်မှာ ဇာတ်ခုံတစ်ခုထပ်လုပ်တယ်။ ဆက်တင်က ကျဉ်းနေတယ်။ ၂ ယောက် ကရမှာ။ ထဘီက လက်နားနဲ့ဆိုတော့  စိုးရိမ်ခဲ့ရတယ်” လို့ပြောပါတယ်။ ဘဘဦးဘိုးစိန်ခေတ်က သီချင်းတွေဖြစ်တဲ့အတွက် ကနေကျပုံစံ မဟုတ်ဘဲ အခက်အခဲတွေ ရှိကြောင်း၊ ဆရာနဲ့သေချာသင်ယူ ကပြခဲ့ရကြောင်း စွမ်းက ပြောပါတယ်။ ဂရိတ်ဦးဘိုးစိန်ပွဲနဲ့ပတ်သက်ပြီးစွမ်းက “ဒီပွဲက တကယ့်မြန်မာ့ အနုပညာအမွေအနှစ် ကို  ပြတဲ့ပွဲ ပါ။ ဒီခေတ်ပုံစံလုံးဝမပါဘဲ အရင်ခေတ်က ပုံစံအတိုင်းဆိုတော့ ဟိုးအရင်ခေတ်ဆိုတာ တော်ရုံတန်ရုံ ဘယ်သူမှ မမီပါဘူး။ ကျွန်တော်တို့လည်း ကြားဖူးနားဝပဲရှိ တာ။ လာကြည့်တဲ့ပရိသတ်တွေကတော့ အနုပညာအစစ်ကို ကြည့်လိုက်ရတာပါ”လို့ ပြောပါတယ်။ စွမ်းက တောင်ငူ၊လယ် ဝေး၊စလင်း၊ မကွေး၊ဆင်ဖြူကျွန်း၊မလိုင်၊ ပန်းအိုင်၊ ပုဂံမြို့များမှာ ၂လကြာဇာတ်သွား ကခဲ့ပြီးရန်ကုန်ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဇာတ်ထောင်လိုက်တဲ့ စွမ်းကတင်ဆက်မှုတွေ၊  ဆက်တင်ပြင်ဆင်မှုတွေက အစကိုယ့်စိတ်ကြိုက်ဖြစ် သွားပြီဖြစ်ကြောင်းကို စွမ်းက “သူများနဲ့ဆိုရင် သူများကိုလည်း အားနာရတယ်။ သူများလုပ်ပေးမှသူများပံ့ပိုးပေးမှ ဖြစ်မှာလေ။ အခုက ပရိသတ်တွေ ကြည့် ရ တာတန်အောင်အများကြီးစီစဉ်ပြီး သေချာ လုပ်ထားပါတယ်”လို့ပြောပါတယ်။
စွမ်းက ဇာတ်ကတာကို ၁ လခွဲ လောက်နားပြီး ရန်ကုန်မှာ ဇာတ်ကား ၅ကားရိုက်ကူးမှာဖြစ်ပါတယ်။ ဇာတ်ကား ရိုက်ကူးပြီးမှ ဇာတ်ပြန်ကမှာ ဖြစ်ကြောင်းလည်း ပြော ပါတယ်။ စွမ်းက သူ့ရဲ့ဇာတ် သဘင်ကို ပရိသတ်တွေလာကြည့်တဲ့အခါ အံ့သြသွားအောင် လုပ်ထားကြောင်း၊ အရင်တုန်းက ဇာတ်သဘင်နဲ့မတူဘဲ တိုးတက်လာတယ်လို့ ပရိသတ်ပြောအောင်၊ ဇာတ်သဘင်ကို အထင်ကြီးလာအောင်၊ ဇာတ်သဘင်မြင့်မားလာအောင် အတတ်နိုင်ဆုံး သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နေပြီး စွမ်း ကိုယ်တိုင် ထောင်ထားတဲ့ စွမ်းသဘင်ကို ပရိသတ်တွေ အကဲခတ်စေချင်ကြောင်း စွမ်းကပြောပါတယ်။
ခိုင်ဝေလွင်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား