img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, July 4, 2012

လယ်သမားအစည်းအရုံးကြီး ပေါ်ပေါက်လာရန် ဆောင်ရွက်မည်ဟု ဆို

By 5 July, 2012 - 10:03
မြန်မာနိုင်ငံတွင် လယ်သမား အစည်းအရုံးကြီးတစ်ခု ပေါ်ပေါက်လာစေရန် ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း  ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လေ့လာစိစစ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ၂၇-၆-၂၀၁၂ ရက်တွင် ပြောကြားသည်။ အဆိုပါ လယ်သမား အစည်းအရုံးကြီး ပေါ်ပေါက်လာရန် ရည်ရွယ်ခြင်းမှာ လယ်သမားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများနှင့် ပတ်သက်၍ တာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တောင်သူလယ်သမားတွေရဲ့ ဘဝပြုပြင် ပြောင်းလဲမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုဝိုင်းဝန်း ဆောင်ရွက်ပေးရင် ရမလဲဆိုတာ ဖော်ထုတ်ဖို့အတွက်နဲ့ လွှတ်တော်ကို အတည်ပြု ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေနဲ့အညီ တောင်သူလယ်သမားတွေ ရရှိမယ့် ရရှိသင့်တဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေရအောင် ကျွန်တော်တို့ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး အတွင်းက လယ်သမားတွေဆီကို ကွင်းဆင်းလေ့လာခဲ့ပါတယ်” ဟု ဦးအောင်သိန်းလင်းက ပြောသည်။ အဆိုပါ အစည်းအရုံးကြီး ပေါ်ပေါက်လာစေရန် UDSP နှင့် မိတ်ဖက်ပါတီ လေးခုတို့က အစပိုင်းတွင် ကူညီဆောင်ရွက်ပေးမည် ဖြစ်သော်လည်း ယင်းအဖွဲ့အစည်းသည် NGO အဖွဲ့အစည်းတစ်ခု ဖြစ်ရန်လိုပြီး နိုင်ငံရေးပါတီ။ အစိုးရစသော အဖွဲ့များနှင့် ပတ်သက်မှုမရှိဘဲ လွတ်လပ်သော အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းကပြောသည်။          

မေငယ်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား