img.emoticon { padding: 0; margin: 0; border: 0; }

Thursday, July 5, 2012

စားသောက်ဆိုင် များမှ တဆင့်ခံ ပေးသွင်း ရသော ကုန်သွယ် လုပ်ငန်းခွန် အတွက် စီမံချက်ချ စိစစ်ကြပ်မတ် သွားမည်

စားသောက်ဆိုင်တွေ အနေနဲ့ စားသုံးသူများ ထံမှ ကောက်ခံပြီး ရရှိလာတဲ့  ကုန်သွယ် လုပ်ငန်းခွန်ကို သက်ဆိုင်ရာသို့ ပေးသွင်းရာမှာ အပြည့်အ၀ ပေးသွင်းမှု
ရှိ၊ မရှိနဲ့ ကုန်သွယ် လုပ်ငန်းခွန်ကို ယခင်က ၁၀ ရာခိုင်နှုန်းမှ ဧပြီလ နှောင်းပိုင်းမှာ စတင်ကာ ၅ ရာခိုင်နှုန်းသာ လျှော့ချ ကောက်ခံရမှာ ဖြစ်ပြီး အဆိုပါ နှုန်းထား အတိုင်း လျှော့ကောက်ခံခြင်း ရှိ၊ မရှိ စတာတွေကို သိရှိနိုင်ဖို့ အတွက် ပြည်တွင်း အခွန်များ ဦးစီးဌာန အနေနဲ့ စီမံချက် အသွင် ချမှတ်ကာ စိစစ် ကြပ်မတ် လျက်ရှိကြောင်း သိရပါတယ်။


ပြည်တွင်း အခွန်များ ဦးစီး ဌာနဟာ စားသောက်ဆိုင် တွေက ပြန်လည် ပေးသွင်းမယ့် ကုန်သွယ် လုပ်ငန်းခွန် အတွက် ဇူလိုင်လ ၁ ရက်နေ့က စတင်ကာ စားသောက်ဆိုင် တွေကို ကွင်းဆင်းကာ အသိပညာပေး ဆောင်ရွက်မှုတွေ ပြုလုပ် နေတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ စားသောက်ဆိုင် တွေအပြင် အလှပြင်ဆိုင်၊ ရေဆေး ဆီထိုးကား ဆားဗစ်၊ ဈေးဝယ် စင်တာ စတဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေ ကိုပါ ကွင်းဆင်း စစ်ဆေး အသိပညာ ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

စားသုံးသူ တွေဟာ မိမိတို့ စားသုံးတဲ့ စားသောက် စရိတ်အပြင် ကုန်သွယ် လုပ်ငန်းခွန် အဖြစ်  စားသောက်ဆိုင် တွေက တဆင့် နိုင်ငံတော်သို့ ပေးဆောင် ရတာ ဖြစ်ပါတယ်။ အဆိုပါ အခွန်ကို လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် ကတည်းက ပြဌာန်း ကောက်ခံ ခဲ့တာ ဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ကောက်ခံမှု အားနည်းခဲ့ ရတယ်လို့ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်သွယ် လုပ်ငန်းခွန်ဟာ သွယ်ဝိုက်ခွန် အမျိုးအစား ဖြစ်ပြီး နိုင်ငံတကာမှ ကောက်ခံနေတဲ့ တန်ဖိုးဖြည့် အခွန်၊ ကုန်စည်နှင့် ၀န်ဆောင်မှု အခွန်၊ ရောင်းခွန် စတဲ့ အခွန်တွေနဲ့ တူညီတဲ့ အခွန် အမျိုးအစား ဖြစ်ပါတယ်။

အဆိုပါ သွယ်ဝိုက်ခွန်ကို အာဆီယံ နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ စင်္ကာပူမှာ ၇ ရာခိုင်နှုန်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာ ၁၀ ရာခိုင်နှုန်းနဲ့ ဖိလစ်ပိုင် နိုင်ငံမှာ ၁၂ ရာခိုင်နှုန်း ကောက်ခံ တယ်လို့ သိရပါတယ်။  မြန်မာနိုင်ငံ မှာတော့  အရင်က ၁၀ ရာခိုင်နှုန်း ပေးဆောင် ခဲ့ရပြီး၊ ယခုနှစ် ဧပြီလ နှောင်းပိုင်း မှာတော့ ၅ ရာခိုင်နှုန်းသာ ပေးဆောင် ရတော့တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား