img.emoticon { padding: 0; margin: 0; border: 0; }

Thursday, July 5, 2012

အာဂျီနိုမို တိုအချိုမှုန့်စက်ရုံသည် ၂၀၁၃ ခုနှစ်၌ မြန်မာနိုင်ငံတွင် စက်ရုံတည် ဆောက်လုပ်ကိုင်မည်ြ


ဂျပန်နိုင်ငံ၏ထင်ရှားသည့်  လုပ်ငန်းတစ်ခုဖြစ်သော အာဂျီနိုမို  တိုအချိုမှုန့်စက်ရုံသည် ၂၀၁၃ ခုနှစ်၌ မြန်မာနိုင်ငံတွင် စက်ရုံတည် ဆောက်လုပ်ကိုင်မည်ဖြစ်ကြောင်း  ယင်းကုမ္ပဏီ၏ဥက္ကဋ္ဌနှင့် အမှု ဆောင်အရာရှိချုပ်ဖြစ်သူမာဆာ တိုရှိအိဒိုက ရိုက်တာသတင်းဌာန သို့ပြောကြားခဲ့သည်။
““မြန်မာနိုင်ငံမှာ အာဂျီနိုမိုတို စက်ရုံလာတည်ဖို့ ၂၀၁၃ မတ်လ ကုန်လောက်ဆို စတင်နိုင်မယ်။ ဒါမှ မဟုတ် ၂၀၁၃-၁၄ ဘတ် ဂျက်နှစ်အတွင်းလည်းဖြစ်နိုင်ပါ တယ်။ လာရောက်ဆောင်ရွက်မယ့် အချိန်အတိအကျကို ၂၀၁၂ ခုနှစ်  နှစ်ကုန်ပိုင်းမှာဆုံးဖြတ်မှာဖြစ်တယ်””  ဟု အထက်ပါပုဂ်္ဂိုလ်ကပြောသည်။
အာဂျီနိုမိုတိုအချိုမှုန်စက်ရုံ သည်၊ ထိုင်းနိုင်ငံတွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် စက်ရုံတည် ဆောက်ဖွင့်လှစ်နိုင်ရန် ထိုင်းနိုင်ငံ  ရှိစက်ရုံလုပ်သားများအားစေလွှတ် ပြီး ပြင်ဆင်လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း အာဂျီနိုမိုတို ဥက္ကဋ္ဌ  နှင့် အမှုဆောင်အရာရှိချုပ် မာဆာ  တိုရှိအိဒိုကပြောသည်။
အာဂျီနိုမိုတို့အချိုမှုန်စက်ရုံ သည် ၂၀၀၀ ခုနှစ် လွန်ကာလ၌  မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင် ရန်လာရောက်ကမ်းလှမ်းမှုရှိခဲ့သော် လည်း ယင်းအချိန်ကပြဋ္ဌာန်းထား  သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တင်း ကျပ်သောဥပဒေများနှင့် အမေရိ ကန်အပါအ၀င်အနောက်နိုင်ငံများ ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် လာရောက်လုပ်ကိုင်ခြင်းမရှိသော် လည်း အစိုးရသစ်လက်ထက်တွင်   အာဂျီနိုမိုတို့ ကုမ္ပဏီအပါအ၀င်  အခြားသောကုမ္ပဏီပေါင်းများစွာ  သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံလုပ်ကိုင်ဆောင်ရွက်ရန် စိတ်အား  ထက်သန်လျက်ရှိကြသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား