img.emoticon { padding: 0; margin: 0; border: 0; }

Sunday, July 1, 2012

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဦးရေ ၁၀သိန်း ၀န်းကျင်ရှိနေ



ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဦးရေ ၁၀သိန်း ၀န်းကျင်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ အဆိုပါ ဘင်္ဂါလီ ၁၀ သိန်းတွင် white card ထုတ်ပေးထားသည့် ဦးရေ မှာ ၅ သိန်း သာ ရှိကြောင်း လည်း သိရသည်။


ဘင်္ဂါလီဦးရေ ၁၀ သိန်းဟု ဆိုသော်လည်း ရခိုင်လူမျိုး ဦးရေမှာ ပိုမိုများပြားသည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ ထည့်သွင်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ် ၊
ဧည့်၊ ပြု၊ FRC ၊ white card ဟူ၍ ကတ် ၅ မျိုး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာတိုင်းရင်းသား စစ်စစ် မျိုးနွယ်စုများ အချင်းချင်းမှ ဆင်းသက်လာသူများကိုသာ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား