img.emoticon { padding: 0; margin: 0; border: 0; }

Sunday, July 1, 2012

အနီရဲရဲနဲ့ အမေရိကန် အိတ်စ်ဖက်တာအတွက် တွေ့လိုက်ရတဲ့ ဘရစ်တနီစပီးယား


Photo


By Yatanarpon 2 July, 2012 - 10:31
ဘရစ်တနီစပီးယားဟာ အိတ်စ်ဖက်တာ အမေရိကန်ပုံစံ (X factor USA audition) ဒိုင်အဖွဲ့မှာ ဆင်မွန်ကောင်းဝဲလ်ရဲ့ ဘေးမှာကပ်ပြီး ထိုင်ခဲ့တာကြောင့် သူမဟာ အဲဒီဒိုင်အဖွဲ့ခေါင်းဆောင် ဖြစ်ပုံရပါတယ်။
ဒါပေမယ့် ဘရစ်တနီစပီးယားဟာ ဇွန်လ ၂၉ ရက်နေ့ X Factor ဖက်ရှင်ပွဲကို ဒမ်မီလိုဗက်တိုနဲ့အတူ ပေါ်တွက်လာခဲ့ပါတယ်။ အဆိုတော် ဘရစ်တနီစပီးယားဟာ တင်းကျပ်အောင် ဝတ်ဆင်ထားတဲ့ ဝတ်စုံနဲ့ သူမရဲ့ ဝေ့ဝိုက်နေတဲ့ ကောက်ကြောင်းအလှကို ဖော်ပြထားတာပါ။ သူမဟာ သူမရဲ့ ရေဒီယိုအစီအစဉ် အဖွဲ့ဝင်တွေနဲ့ ပြန်ပေါင်းစည်း လုပ်ကိုင်နေတယ် ဆိုတာတော့ သံသယရှိစရာ မလိုပါဘူး။ ဆန်ဖရန်စစ္စကိုမှာ သူမနဲ့အတူ ဖျော်ဖြေခဲ့သူတွေကို ချီးကျူးစကား ပြောခဲ့ပါတယ်။

ကောင်းဝဲလ်ကို “နှုတ်ဆက်စကား ပြောရတာ စိတ်မကောင်းဘူးလို့ ဆိုပါတယ်။ ဘရစ်တနီဟာ သူမရဲ့ ရွှေရောင်ဆံပင်ကို လွတ်လွတ်လပ်လပ် ဖြေလျော့ထားပြီး သဘောဝအတိုင်း ဖြေလျော့ချထားပါတယ်။ မနေ့တုံးကတော့ ဘရစ်တနီဟာ အွန်လိုင်းကို ပြန်လာပြီး တွစ်တာ (twitter) မှာ “The X Factor USA auditions in Providence ကိုဖတ်ပါ” လို့ ရေးသားဖော်ပြခဲ့တယ်။ ဒမ်မီလိုဗက်တိုဟာ Dunkin Donuts Center အပြင်ဘက်မှာ ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ဒိုင်အဖွဲ့ထဲမှာ အသက်ငယ်ဆုံးဖြစ်တဲ့ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဒမ်မီလိုဗက်တိုက သူမရဲ့စိတ် တက်ကြွနေတာကို ဖုံးဖိမထားနိုင်ပါဘူး။ “The X Factor USA auditions in Providence အတွက် အရမ်း စိတ်လှုပ်ရှားနေပါတယ်” လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။ သူမက ဆံပင်ပုံစံကို ဘဲလေးကချေသယ်ပုံစံ ခပ်မြင့်မြင့် ဖြီးသင်ထားတာ တွေ့ရပါတယ်။ သူမတို့အဖွဲ့ဟာ ဟန်းဖုန်းကို စွဲစွဲလန်းလန်း သုံးနေကြပြီး တွစ်တာမှ သူမတို့ရဲ့ ပရိတ်သတ်တွေအတွက် နောက်ဆုံးအခြေကို အမြဲတမ်း တင်ပေးနေပါဘယ်။
 
ရတနာပုံ ဘာသာပြန်သတင်း

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား