img.emoticon { padding: 0; margin: 0; border: 0; }

Friday, December 30, 2011

Mono Bluetooth headset ကို Transformer နဲ့ သုံးကြည့်ခြင်း


သီဟဦး


ကျွန်တော့ရဲ့ EEE Pad Transformer tablet နဲ့ တွဲ့သုံးချင်တာနဲ့ ဈေးသိပ်မကြီးတဲ့ Bluetooth headset လေးတွေ ကိုစမ်းကြည့်ခဲ့ ပါတယ်။ Bluetooth headset လေးတွေ သုံးရင် သွားရင်းလာရင်း tablet နဲ့ သီချင်းနားထောင် တဲ့အခါ၊ video တွေ ကြည့်တဲ့အခါ ကြိုးတွေရှုပ်မနေပဲ wireless Bluetooth headset လေးကို နားထဲထည့်ထားပြီး အဆင်ပြေပြေ သုံးလို့ရတာ သဘောကျမိပါတယ်။
ပထမ ကျွန်တော့ညီက သူ့ ကွန်ပျူတာနဲ့ သုံးဖို့ဝယ်ထားတဲ့ Motorola Bluetooth headset နဲ့ စမ်းကြည့်ခဲ့ ပါတယ်။ Asus EEE Pad Transformer က Motorola Bluetooth headset ကို pair လုပ်လို့ရပေမယ့် music/video တွေက အသံတွေကို stream လုပ်လို့ မရပါဘူး။ Chatting လုပ်တဲ့ application နဲ့ပဲ အလုပ်လုပ်ပါတယ်။ ဒါနဲ့ EEE Pad Transformer နဲ့ compatible ဖြစ်တယ်ဆိုတဲ့ Nokia PH-108 Bluetooth headset ကိုစမ်းကြည့်ခဲ့ ပါတယ်။ အဲဒါလေးကလည်း တစ်ခြားဟာတွေထက်စာရင် အများကြီး ဈေးသက်သာပါတယ်။ အဲဒီ Nokia BH-108 ကိုလည်း Transformer က pair လုပ်လို့ရပေမယ့် music/video က အသံတွေကို မကြားရပါဘူး။ ဒါနဲ့ online မှာ အဖြေရှာကြည့်တော့ အဲဒီလို audio streaming လုပ်ဖို့အတွက် Bluetooth headset မှာ A2DP (Advanced Audio Distribution Profile) ပါရမယ်လို့ ပြောပါတယ်။ ဈေးသက်သာတဲ့ mono Bluetooth headset လေးတွေမှာ ဖုန်းတွေနဲ့ အဆင်ပြေတဲ့ Handsfree Profile (HFP) နဲ့ HeadsetProfile (HSP) တို့ပဲ ပါတဲ့အတွက် tablet ကနေ အသံတွေပို့ဖို့ အလုပ်မလုပ်ပါဘူး။ ကျွန်တော့ရဲ့ tablet နဲ့ချိတ်ပြီး သီချင်းတွေ၊ video တွေ နားထောင်ဖို့ A2DP profile ပါတဲ့ Bluetooth headset ထပ်ဝယ်မှ အဆင်ပြေမယ့် ပုံပေါ့နော်။
ဒါနဲ့ တစ်ခြား ရနိုင်မယ့် နည်းလမ်းလေးတွေ လိုက်ရှာကြည့်တော့ A2DP profile မပါတဲ့ mono Bluetooth headset တွေကို Android tablet ကနေ audio streaming လုပ်ဖို့အတွက် redirect လုပ်ပေးတဲ့ Android application လေးတွေ တွေ့ခဲ့ပါတယ်။ သူများတွေ သိပြီးသားတွေ ဖြစ်မှာပါ။ ကျွန်တော်က အခုမှ Bluetooth headset သုံးဖို့ စဉ်းစားခဲ့တာ ဆိုတော့ အခုမှ နည်းလမ်းရှာကြည့် ရတာပေါ့နော်။ BT mono headset တွေအတွက် Android application တွေ တစ်ခုမက ရှိပေမယ့် ကျွန်တော်စမ်းကြည့်တာတော့ Transformer tablet မှာ တော်တော်များများက crash ဖြစ်ပါတယ်။ သုံးလို့မရပါဘူး။ သူတို့ကို ON လိုက်တာနဲ့ crash ဖြစ်သွားပါတယ်။ တစ်ချို့ကျတော့ ခဏလေး အလုပ်လုပ်ပြီး ၁ မိနစ်လောက် ကြာတော့ crash ဖြစ်သွားပါတယ်။
လျှောက်စမ်းရင်းနဲ့ Android 3.2.1 မှာ အဆင်ပြေတဲ့ application တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ Super BT Mono Froyo လို့ ခေါ်တဲ့ application လေးက ပြဿနာမရှိပဲ အလုပ်လုပ်ပါတယ်။ EEE Pad Transformer မှာ crash လည်း မဖြစ်ပါဘူး။ Free version ရော၊ paid version ရော ၇ှိပေမယ့် free version က ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ကျွန်တော် သုံးကြည့်ရ သလောက်တော့ free version က လုံလောက်ပါတယ်။ သူ့ကို install လုပ်ပြီး BT Mono function ကို ON ထားလိုက်ရုံပါပဲ။ ဒါဆို pair လုပ်ထားပြီးသား mono Bluetooth headset မှာ အသံထွက်လာပါတယ်။ ကျွန်တော့အတွက် တော့ A2DP ပါတဲ့ ဈေးကြီးတဲ့ headset အသစ်တစ်ခု ၀ယ်စရာမလိုပဲ Bluetooth headset နဲ့ tablet ကနေ သီချင်းတွေ နားထောင်လို့ ရတာ၊ movie တွေကြည့်လို့ ရတာ သဘောကျ ကျေနပ်မိပါတယ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား