အမေရိကန် သမ္မတ အိုဘားမား က ကာကွယ်ရေး အသုံးစားရိတ် စာရင်း ကိုလက်မှတ် ထိုးပေးလိုက်ပါတယ်။
ဒါပေမယ့် ဒီစာရင်း ထဲက တချို့ ကဏ္ဍ တွေနဲ့ ပတ်သက် လို့ သံသယတော့ ရှိနေသေးကြောင်း လဲ ဆိုပါတယ်။
မစ္စတာ
အိုဘားမားက အမေရိကန် ကွန်ဂရက် ကနေ အတည်ပြု ပေးလိုက်တဲ့ ဒီ စာရင်းမှာ
အကြမ်းဖက် သမားလို့ မသင်္ကာသူ တွေနဲ့ ပတ်သက်လို့ ကိုင်တွယ် ဆောင်ရွက် ဖို့
လုပ်ပိုင်ခွင့် တွေ ကန့်သတ် ခံရမှာကို စိုးရိမ် နေတာ ဖြစ် ပါတယ်။
အဲဒီထဲမှာ အယ်လ်ခိုင်းဒါး လို့ မသင်္ကာသူ တွေကို စစ်ဘက် ကသာ တရား စီရင် ပိုင်ခွင့် ကိုလည်း အားနည်းသွား စေနိုင် ပါတယ်။
မစ္စတာ
အိုဘားမားက သူ့အနေနဲ့ အမေရိကန် ပြည်သူတွေ ပါဝင်မှု မရှိတဲ့ စစ်ဘက်က
ထိန်းသိမ်းမှု ကို အကန့် အသတ်မရှိ လုပ်သွားဖို့ အတွက် သူ့ ဘက်က အတည်ပြု
မပေးနိုင် ကြောင်းလဲ ပြောပါတယ်။
သူ့ အနေနဲ့ ဒီ စားရင်းကို လက်မှတ်
ထိုးပေး ရတာကလဲ အမေရိကန် စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်တွေ အတွက် ဘဏ္ဍာငွေ
ရရှိရေး အတွက် ဖြစ်ပြီး သူအနေနဲ့ သံသယ တွေရှိနေ ကြောင်းလဲ ပြောပါတယ်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား