img.emoticon { padding: 0; margin: 0; border: 0; }

Saturday, February 25, 2017

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာနိုင်ငံအတွက် ပထမဆုံး ကုန်သွယ်မှု ဘဏ္ဍာငွေ ထောက်ပံ့ရေး အာမခံချက်ကို ထုတ်ပေး

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာနိုင်ငံအတွက် ပထမဆုံး ကုန်သွယ်မှု ဘဏ္ဍာငွေ ထောက်ပံ့ရေး အာမခံချက်ကို ထုတ်ပေးလိုက်သောကြောင့် မျှော်လင့်ချက်များ ကြီးထွားလာသည်။
ကုန်သွယ်မှု ဘဏ္ဍာရေး ထောက်ပံ့ခြင်း အစီအစဉ် (Trade Finance Programme – TFP) ၏ အစိတ်အပိုင်း တရပ် အနေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်သည် အီတလီနိုင်ငံ Banca Popolare di Sondrio ဘဏ်မှ TFP လက်မှတ် ရေးထိုး ထားသော ဘဏ်တခု ဖြစ်သည့် ယူနိုက်တက်အမရဘဏ် United Amara Bank (UAB) သို့ ချေးငွေ အာမခံချက် ထုတ်ပေးလိုက်ကြောင်း Global Trade Review သတင်းဌာနက ရေးသည်။
ယူနိုက်တက်အမရဘဏ်သည် ထိုငွေကို ပြည်တွင်းမှ ဓာတ်မြေသြဇာ တင်သွင်းပြီး တောင်သူများကို ပြန်လည် ရောင်းချသည့် လုပ်ငန်းတခုသို့ ဆက်လက် ချေးငှားမည် ဖြစ်သည်။ ထိုကိစ္စသည် သီးနှံကဏ္ဍနှင့် လယ်ယာထုတ်ကုန် တင်ပို့မှု ကဏ္ဍ ၂ ခုလုံးတွင် ဖွံ့ဖြိုးမှုကို အားပေးနိုင်သည် ဟု အာရှဖွံ့ဖြိုးရေးဘဏ် က ပြောသည်။

“မြန်မာနိုင်ငံဟာ အလားအလာအရမ်းကောင်းတဲ့ စိတ်လှုပ်ရှားစရာ ဈေးကွက်တခုပါ။ မြန်မာနိုင်ငံ ကုန်သွယ်ရေး တိုးတက်မှု အလားအလာကို ထိန်းကျောင်းဖို့၊ အထူးသဖြင့် အဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အသေးစား လုပ်ငန်းတွေက ကူညီဖို့ ယူနိုက်တက်အမရာဘဏ် နဲ့ ကျနော်တို့ရဲ့ နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက် ဘဏ်တွေနဲ့ လက်တွဲလုပ်ရလို့ ကျေနပ်မိပါတယ်။ ကုန်သွယ်ရေး ဖွံ့ဖြိုးမှုဟာ အလုပ်အကိုင်တွေ ဖန်တီးပြီး ဝင်ငွေတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ TFP ရဲ့ အဓိက ရည်မှန်းချက်တွေထဲက တခုဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတွင် TFP ၏ လုပ်ငန်းများကို ဦးစီးဆောင်ရွက်နေသူ Janet Hyde က Global Trade Review ကို ပြောသည်။
အာရှဖွံ့ဖြိုးရေးဘဏ်သည် တရုတ် ကျောထောက်နောက်ခံပြု အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် Asian Infrastructure Investment Bank (AIIB) ၏ ခြေလှမ်းကို လိုက်ပြီး အာရှ၏ ရှေတန်းဈေးကွက်တခု ဟု သတ်မှတ် ထားသည့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ (AIIB) သည် လွန်ခဲ့သောနှစ်က မြင်းခြံဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ထုတ်ချေးခဲ့သည်။
သို့သော် အထူးသဖြင့် အရေးယူပိတ်ဆို့မှု အပေါ် မရေရာမှုများနှင့် နိုင်ငံတကာဘဏ်များ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်သော အစိုးရဥပဒေများကြောင့် နိုင်ငံ၏ ကုန်သွယ်မှု ဘဏ္ဍာရေးပံ့ပိုးမှု ကဏ္ဍတွင် ကူးသန်းရောင်းဝယ်ရေး ရင်းနှီးမြှုပ်နှံမှုမှာ နည်းပါးလှသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်အာဏာပိုင်များသည် အစိုးရသစ်ကို အရောင်တင်ရန် မြန်မာနိုင်ငံ လေဆိပ်နှင့် ဆိပ်ကမ်းများမှ ကုန်သွယ်ခွင့် ပိတ်ပင်ခြင်းကို ၆ လ ရုပ်သိမ်းလိုက်သည်။ နောင်တွင် ထိုအမိန့်ကို အကန့်အသတ်မရှိ ဆွဲဆန့်ခဲ့ကြသည်။
ဤကိစ္စများမှာ စစ်ဘက်နှင့် အချိတ်အဆက်ရှိခြင်းနှင့် မူးယစ်ဆေးမှောင်ခိုမှုများနှင့် စွပ်စွဲခံရပြီး ၂၀၀၈ ခုနှစ်မှစ၍ ပိတ်ဆို့အရေးယူခံထားရသူ စတီဗင်လော က အေးရှားဝေါလ်ဆိပ်ကမ်းကို စီမံနေကြောင်း သိရှိပြီး Citi, Bank of America, HSBC နှင့် PNC Financial အပါအဝင် ဘဏ်များက မြန်မာနိုင်ငံမှ ကုန်သွယ်မှု ဘဏ္ဍာရေးမှ စွန့်ခွာသွားပြီး ချိန်တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
လတ်တလောတွင်မူ မြန်မာနိုင်ငံရှိ နိုင်ငံတကာ ဘဏ်များက ငွေကြေးထောက်ပံ့သည့် မည်သည့် ကုန်သွယ်ရေး သို့မဟုတ် စီမံကိန်းကို မဆို ပြည်ပတွင် ပြုလုပ်ကြသည်။ စီးပွားရေးမဂ္ဂဇင်း The Corporate Treasurer ၏ တွေ့ဆုံ မေးမြန်းခန်းတွင် မြန်မာနိုင်ငံ ဗဟိုဘဏ်၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်သန္တာက ပြည်တွင်း ကဏ္ဍများ ကို နိုင်ငံတကာဘဏ်များ အတွက် ဖွင့်ပေးရန် နည်းလမ်းရှာဖွေနေသည် ဟု ပြောသည်။
“အခုလောလောဆယ်မှာ ကျမတို့ရဲ့ ပြည်တွင်းဘဏ်တွေဟာ နိုင်ငံခြားဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေနဲ့ ယှဉ်နိုင် လောက်အောင် မစွမ်းဆောင်နိုင်သေးဘူး။ ကျမတို့ အစိုးရကလည်း ပို့ကုန်ကဏ္ဍကို အားပေးချင်နေတာ။ ဒါကြောင့် သူတို့က ဒီကိစ္စကို နိုင်ငံတကာဘဏ်တွေက ပံ့ပိုးနိုင်တဲ့ နည်းလမ်းကို ရှာနေတာ” ဟု သူမက ပြောသည်။
၂၀၁၅ မှ ၂၀၁၆ ခုနှစ်အတွင်း ဘဏ်များသည် ၎င်းတို့ အနေဖြင့် ပြည်တွင်းစီးပွားရေးတွင် အမေရိကန်ဒေါ်လာ ၇၅ သန်း မြှုပ်နှံရမည် ဟူသော စည်းကမ်းဖြင့် ဘဏ် ၁၃ ခုကို လိုင်စင်များ ချထားပေးခဲ့သည်။
သို့သော် ဘဏ်အများစုမှာ မြန်မာနှင့် ၎င်း၏ လုပ်ထုံးလုပ်နည်း ဥပဒေမိုင်းကွင်းများ၊ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှု များမှသည် ပြည်တွင်း ဥပဒေများအထိ စဉ်းစားပြီး နိုင်ငံတကာပိတ်ဆို့မှုနှင့် လုပ်ထုံးလုပ်နည်းများနှင့် ပြည်တွင်း ဥပဒေများကို ထည့်သွင်း စဉ်းစားကြသည်။ တာဝန်မှာ ဘဏ္ဍာရေးထောက်ပံ့မှု မဏ္ဍိုင် အဖွဲ့အစည်းများ အနေဖြင့် ဦးဆောင်ကြရန် ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာ ငွေကြေး ကော်ပိုရေးရှင်း (IFC) ၏ အားထုတ်မှုများနှင့် ပတ်သက်၍ ပြောကြားရာတွင် ကမ္ဘာ့ဘဏ် အုပ်စုမှ အသေးစားချေးငွေလုပ်ငန်း ကျွမ်းကျင်သူ Julie Fawn Earnes က “ IFC ဟာ တာဝန်သိတဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုနဲ့ အသေးစားလုပ်ငန်း ဝန်ဆောင်မှု နယ်ပယ်မှာ ဘဏ်တွေရဲ့ လုပ်ငန်းတွေ ခိုင်မာစေဖို့ မြန်မာနိုင်ငံရဲ့ အဓိက ဘဏ်လုပ်ငန်း ဖောက်သည်တွေနဲ့လည်း လုပ်ဆောင်နေတယ်” ဟု ပြောသည်။
“ကုန်သွယ်မှု ဘဏ္ဍာရေး အထောက်အပံ့အရ ပြောရရင် မြန်မာနိုင်ငံဟာ နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်း အတွက် အရေးပါတဲ့ ဈေးကွက်သစ်ပါ။ IFC မှာ တခုကို ဒေါ်လာ ၅ သန်းတန်တဲ့ ရိုးမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် တွေနဲ့ လမ်းကြောင်း ၂ ခု ရှိပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ အလုပ်အကိုင် ဖန်တီးရေး အတွက် အဓိက ကျပါတယ်” ဟု သူမက ဆက်ပြောသည်။
ကိုးကား။ ။ Global Trade Review ပါ Finbarr Bermingham ၏ ADB moves in Myanmar as trade finance hopes grow

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား