img.emoticon { padding: 0; margin: 0; border: 0; }

Thursday, June 5, 2014

ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွေအပေါ် အမြင်တွေကို ညှိနိုင်းဆွေးနွေး

ဒီကနေ့မနက် ၁၀နာရီက နေပြည်တော် ဘုရင့်နောင်ရိပ်သာခန်းမမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီုး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးသူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ညှိနိုင်းကွပ်ကဲရေးမှူး( ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း အပါအ၀င် တပ်မတော်အထက်တန်းအရာရှိတွေနဲ့ ကေအန်ယူကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ နိုင်ငံရေးနဲ့စစ်ရေးအကြံပေးအရာရှိ ဗိုလ်မှူးကြီး စောတူးတူးလေးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်ကြတဲ့ စောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင် တို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အခုလက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွေအပေါ် အမြင်တွေကို ညှိနိုင်းဆွေးနွေးခဲ့တာဖြစ်တယ်လို့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကပြောပါတယ်။ ညနေပိုင်းမှာ နိုင်ငံတော်သမတ ဦးသိန်းစိန်နဲ့လည်းတွေ့ဆုံဖို့ရှိသလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းနဲ့လည်း နောက်ရက်မှာ တွေ့ဆုံဦးမယ်လို့ သိရပါတယ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား