img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, May 6, 2014

ငွေဖြည့်ကဒ် အတုတွေ ပေါ်နေ

ငွေဖြည့်ကဒ် အတုတွေ ပေါ်နေပါတရ်။ ဆိုင်မှာ ခုနလေးတင် ဖြစ်သွားတာပါ။ (ရှယ်ပေးပါ)
ရန်ကုန် ဒီဇင်ဘာ ၎
ဈေးဝယ် တစ်ယောက် ပထမ တသောင်းတန် တကဒ် ၀ယ်သွားတယ်။ ၀ယ်ပြီး သိပ်မကြာသေးခင်မှာပဲ ငါးထောင်တန် နှစ်ကဒ်နဲ့ လဲပေးပါ ဆိုလို့ လဲပေးလိုက်တရ်. ။ ခနနေတော့ သူလဲ သွားတဲ့  တသောင်းကဒ် ကို ဆိုင်က ဖုန်းတလုံးထဲ ဖြည့်တာ ဘယ်လိုမှ ဖြည့် မရပါဘူး။ ဒါနဲ့ ဆက်သွယ်ရေး ကို Serial No. နဲ့ တိုက် ပြီး မေး ကြည့်တော့ ငွေဖြည့်ကဒ်က လွန်ခဲ့တဲ့ တပတ်လောက်ကထဲက သုံးထားတဲ့ နံပတ် တွေပါ တဲ့။

ဘေးနား ပတ်ဝန်းကျင်က အသိ ဆိုင်တွေ စုံစမ်းလိုက်တော့ သူတို့လဲ အာ့လို မကြာခန ကြုံနေကြပါတရ် တဲ့ ။ ငွေဖြည့်ကဒ် ဟောင်းတွေ ကို ခဲ ပြန် အုပ် ပလတ်စတစ် ပြန်ဖုံးပြီး အသစ်နဲ့ အဟောင်းနဲ့ လဲပြီး သုံးနေကြတာပါ။ တချို့ဆို ဆယ်ကဒ်လောက်ဝယ်ပြီးမှ ငါးကဒ် လောက်ကို ငါးထောင်တန် နဲ့ ပြန်လဲခိုင်းတာပါ။ အတု တကဒ် တွေ့တာနဲ့ အောက်မှာ ပုံနဲ့ ပြထားလိုက်ပါတရ်။ တော်တော်ခွဲမရအောင် တူပါတရ်။ (တူမှာပေါ့ အစစ်ကို ခဲအုပ်ပြီး အိတ် နဲ့ထည့်ထားတာကိုး) အတုက ခဲခြစ် ထားတဲ့ ပေါ်မှာ MPT ဆိုတာ မပါပါဘူး ။ နောက် ပလတ်စတစ် က ပိုပါးပါတရ်။
သူငယ်ချင်းတို့လဲ ၀ယ်ရင် တခါထဲ ဖြည့်ခိုင်းပါ။ တခါထဲ မဖြည့်နိုင်ဖူးဆိုလဲ ခဲပေါ်မှာ MPT စာ ပါ မပါ သေချာ စစ်ပါ။ တော်တော်လေးကို ခွဲမရအောင် တူပါတရ်။ လောလော နဲ့ ၀ယ်သွားရင် သတိထားမိမှာမဟုတ်ပါဘူး
သတိထားကြပါ...................
အောင်ချမ်းဖြိုး
IBlogger Myanmar

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား