img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, April 29, 2014

အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ကို ဆက်လက် သင်ယူလိုသော ဘွဲ့ရများအတွက်

ရန်ကုန် ဧပြီ ၂၈ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI Training Institute တွင်
UMFCCI နှင့် ထိုင်းနိုင်ငံ niversity of Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းရန် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ပုဂ္ဂလိက စီးပွားရေး အခန်းကဏ္ဍ လုပ်ငန်းခွင်မှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ကို ဆက်လက် သင်ယူလိုသော ဘွဲ့ရများအတွက် အထောက်အကူ ပြုစေရေး ''Global MBA Offshore Program (Batch-4)" ကို မေ ၃၁ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ထိုင်းနိုင်ငံ University of Thai Chamber of Commerce (UTCC) တွင် သင်ပြနေသော အမေရိကန် တက္ကသိုလ် များမှ ဒေါက်တာဘွဲ့ရ ထိုင်းလူမျိုး ဆရာ၊ ဆရာမများ အပါအဝင် UTCC နှင့် ချိတ်ဆက်ထားသည့် နိုင်ငံတကာ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများက သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရသည်။
စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ကို ပြည်တွင်း၌ တက်ရောက် လိုသူများ အနေဖြင့် UTCC အမှတ်(၂၉) မင်းရဲကျော်စွာလမ်း လမ်းမတော်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း- ဝ၁-၂၁၇၈၄ဝ၊ ဝ၁-၂၁၄၃၄၄ နှင့် ဝ၁-၂၁၄၃၄၉(လိုင်းခွဲ-၁၃၃၊၁၃၄) တို့သို့ မေ ၁၆ ရက် နောက်ဆုံးထား ဆက်သွယ်စုံစမ်း စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား