မြန်မာနိုင်ငံတွင် အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက်
အရှေ့တောင်အာရှ အားက စား ပြိုင်ပွဲကြီးသို့ ဝင်ရောက်
ယှဉ်ပြိုင်သွားမည့်
နိုင်ငံတကာမှ အားကစားသမားများ၊ ဒိုင်၊ ဂျူရီ များ၊ အုပ်
ချုပ်သူနှင့် နည်းပြများ၊ ကျန်းမာရေး အဖွဲ့များနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက်
အားကစားအဖွဲ့ များသည် နိုဝင်ဘာ ၂၅ ရက်မှ စတင်၍ ယနေ့ အချိန်ထိ ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာ လျက် ရှိကြောင်း သိရသည်။
အဆိုပါ
ကစားသမားများ အနေဖြင့် ဒီဇင်ဘာ ၅ ရက်တွင် တီမော ဘောလုံးအသင်း၊ စင်ကာပူ ဘောက်
စင်အသင်း နှင့် Water Polo အသင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း နှင့် အခြားနိုင်ငံ
အသီးသီး မှ တဖွဲဖွဲ ဝင်ရောက်လာလျက် ရှိရာ နံနက် ၆ နာရီ မှ ညနေ ၆ နာရီ အထိ ဦးရေ ၁၃ဝ
ကျော် ရောက်ရှိ လာပြီဖြစ် သည်။ ထပ်မံ၍ SEA Games ပြိုင်ပွဲကြီး မကျင်းပမီ ၅ ရက်
အလို ကာလအတွင်း၌ လည်း ရောက်ရှိသွား မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့
ရောက်ရှိလာသည့် နိုင်ငံတကာမှ ဧည့်သည် အားကစားသမားများ နှင့် ဆက်စပ် အဖွဲ့အစည်း များ
အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သက်ဆိုင်ရာ အားကစား နည်းအလိုက်
အဖွဲ့ချုပ်များ၊ ဌာန များ၊ တည်းခိုမည့် Hotel များသို့ အားကစား ဝန်ကြီးဌာန နှင့်
ပို့ဆောင်ရေး ဝန်ကြီးဌာန တို့မှ အထူး ဘတ်စကား များဖြင့် အခမဲ့ ကြို / ပို့ အစီအစဉ်
များအား ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား