img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, November 26, 2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ နေပြည်တော် နယ်မြေအတွင်း GSM/ UMTS မိုဘိုင်းရေဒီယို စခန်းများ လိုင်းတိုးချဲ့ခြင်း လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များအား ပြည်သူသို့ အသိပေး ကြေညာချက်



၁။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လစဉ် တန်ဖိုးနည်း မိုဘိုင်း တယ်လီဖုန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ပြည်သူများ အတွက် ခွဲဝေဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

၂။ ထိုသို့ လစဉ်နှင့် အမျှ တိုးတက် များပြားလာသည့် မိုဘိုင်း တယ်လီဖုန်းများ အဆင်ပြေ ချောမွေ့စွာ ဆက်သွယ် ပြောဆိုနိုင်ရေး အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ စီမံကိန်းများ ချမှတ်ကာ စက်မှုပိုင်းဆိုင်ရာ အခြေခံပစ္စည်းများ အသစ်တပ်ဆင်ခြင်း၊ တိုးချဲ့ တပ်ဆင်ခြင်းနှင့် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်လျက် ရှိပါသည်။


၃။ အဆိုပါ လုပ်ငန်း စီမံကိန်းများ အနက် လက်ရှိ ဆောင်ရွက်လျက် ရှိသော GSM/ UMTS တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်းအရ နေပြည်တော်တွင် တပ်ဆင်ထားသော ရေဒီယို စခန်းများအနက် ရေဒီယိုစခန်း ၅၀ ကို နိုဝင်ဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၆ ရက်အထိ စက်ပစ္စည်းများ လဲလှယ် တပ်ဆင်ခြင်း၊ စက်ချိန်ညှိခြင်းနှင့် စမ်းသပ် လည်ပတ်ခြင်းတို့ကို မိဘပြည်သူများ တယ်လီဖုန်း သုံးစွဲမှု နည်းပါးချိန် ဖြစ်သော နံနက် ၅ နာရီခွဲမှ ၉ နာရီခွဲအတွင်း အောက်ဖော်ပြပါ ရေဒီယိုစခန်းများတွင် ပြုလုပ်မည် ဖြစ်ပါ၍ ဆောင်ရွက်စဉ် ကာလအတွင်း ယာယီ ဆက်သွယ်မှု ပြတ်တောက်ခြင်းနှင့် ခေါ်ဆိုရ ခက်ခဲခြင်းများ ဖြစ်ပေါ်နိုင်ပါကြောင်း ကြိုတင် အသိပေး တင်ပြအပ်ပါသည်။

၂၇-၁၁-၂၀၁၃ ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်
၃၀-၁၁-၂၀၁၃ ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်
၃-၁၂-၂၀၁၃ ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်
၎-၁၂-၂၀၁၃ ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်
၅-၁၂-၂၀၁၃ ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်
၆-၁၂-၂၀၁၃ ရက်နေ့တွင် ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား