ဝါရှင်တန် နိုဝင်ဘာ ၈ မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့်
စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကို တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိရာ
နိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ
တိုးတက်လာနိုင်ဖွယ် ရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ တိုးတက် ပြောင်းလဲမှု ပေါ်တွင်
ကမ္ဘာ့ဘဏ်က နိုဝင်ဘာ ၇ ရက်တွင် ချီးကျူး ပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကို စောင့်ကြည့်မှုများ
ပြုလုပ်ခဲ့ရာတွင် နိုင်ငံ၏ စီးပွားရေးသည် ၂ဝ၁၃ ခုနှစ် မတ်လတွင် ၆ ဒသမ ၅
ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ
တိုးတက်နိုင်ကြောင်းနှင့် ၂ဝ၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြည်ပမှ ဝင်ရောက် လာသည့်
ရင်းနှီးမြှုပ်နှံမှုများ၊ သဘာဝ ဓာတ်ငွေ့၊ ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ
တိုးတက်လာမှု များကြောင့် ၆ ဒသမ ၉ ရာခိုင်နှုန်းအထိ ဆက်လက် တိုးတက်နိုင်ဖွယ်
ရှိကြောင်း ကမ္ဘာ့ဘဏ်၏ ထိပ်တန်း စီးပွားရေး ပညာရှင်ဖြစ်သူ Khwima Nthara က ထပ်လောင်း
ပြောကြားခဲ့သည်။
သို့ရာတွင် ပြုပြင် ပြောင်းလဲမှုများ
ရှိနေသော်လည်း ပြည်တွင်းနှင့် ပြည်ပရေးရာ ကိစ္စနှစ်မျိုး လုံးတွင် အခက်အခဲ အချို့
ကျန်ရှိနေ သေးကြောင်း၊ ငွေကြေး ဖောင်းပွမှုသည် အဓိကစိုးရိမ် ဖွယ်ဖြစ်ကြောင်းနှင့်
ယင်းငွေကြေး ဖောင်းပွနေမှုသည် ဝင်ငွေကွာဟမှုကို ကြုံတွေ့ နေရသော အခြေခံ
လူတန်းစားများကို ထိခိုက်နိုင်ကြောင်း Khwima Nthara က ပြောကြားသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား