Thursday, November 7, 2013
ဌာနဆိုင်ရာအုပ်ချုပ်ရေးများကို ကြပ်မတ်ရန်တင်သွင်းသည့်အဆို တိုင်းဧရာလွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံ
POST 07 NOVEMBER 2013
BY မျိုးမင်းထွန်း-ဧရာဝတီတိုင်း (မြစ်မခ)
ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေဖြင့် အောက်ခြေတွင် မပြောင်းလဲသေးသည့် ဋ္ဌာနဆိုင်ရာ အုပ်ချုပ်ရေးများကို ကြပ်မတ်ပေးရန် နိုဝင်ဘာ ၆ ရက်နေ့က စတင်ကျင်းပသော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဋ္ဌမ ပုံမှန်အစည်းအဝေး၌ ငပုတောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ကအဆိုတင်သွင်း ခဲ့ကြောင်းသိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရတို့၏ လမ်းညွှန်းချက်များ၊ မူဝါဒများကို အောက်ခြေ အဆင့်အုပ်ချုပ်ရေးအဖွဲ့ အချို့နှင့် ဋ္ဌာနဆိုင်ရာ အချို့မှ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ကိစ္စရပ်များအား တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးရေး အဆိုကို ငပုတောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
http://myitmakhamediagroup.com/news/လွှတ်တော်သတင်း/1232-ဌာနဆိုင်ရာအုပ်ချုပ်ရေးများကို-ကြပ်မတ်ရန်တင်သွင်းသည့်အဆို-တိုင်းဧရာလွှတ်တော်ကိုယ်စားလှယ်များ-ထောက်ခံ
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား