Thursday, November 14, 2013
နေပြည်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့ သဘောထား ရယူရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဟောပြောမည်
နေပြည်တော်၌ နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပမည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့ သဘောထားဆန္ဒ ရယူရေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆန္ဒခံယူပွဲသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မည်ဖြစ်ပြီး နေပြည်တော်ခရိုင် လက်ပံခါးလှ ကျေးရွာအနီးတွင် ပြုလုပ်မည်ဖြစ်ကာ ခွင့်ပြုမိန့် တောင်းခံထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။
"ကျွန်တော်တို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် နေပြည်တော် ပြည်သူတွေရဲ့ ဆန္ဒကို တက်ရောက်ယူမှာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးအောင်ကြည်ညွန့်တို့၊ ဦးဝင်းမြင့်တို့ တက်ရောက် ဟောပြောမှာ ဖြစ်ပါတယ်" ဟု ဦးမင်းသူက ပြောကြားသည်။
အန်အယ်ဒီ ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ပြည်သူ့ဆန္ဒ သဘောထား ရယူနေသည်။
နေပြည်တော် ခရိုင်အတွင်းရှိ မြို့နယ်များတွင် အောက်တိုဘာလ အတွင်းမှစ၍ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောထား ဆန္ဒများ ရယူခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီက လမ်းပျဉ်းမနား ကျေးရွာတွင် မဲဆွယ်စည်းရုံးရေးအတွက် လာရောက် ဟောပြောခဲ့ကြောင်း သိရသည်။
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား