img.emoticon { padding: 0; margin: 0; border: 0; }

Friday, November 8, 2013

ဖိလစ်ပိုင်တွင် ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်

ဖိလစ်ပိုင်တွင် ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်
ဒီဗွီဘီ

ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အတွင်းပိုင်းဒေသ ကျွန်းတွေကို ဒီနေ့ ၀င်ရောက်သွားပြီး လူသန်းနဲ့ ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ မုန်တိုင်းဒဏ်ခံ အမိုးအကာတွေ အောက်မှာ ပြောင်းရွှေ့ခိုလှုံနေရပါတယ်။

တယ်လီဖုန်း လိုင်းတွေ ပြတ်တောက်သွားသွားပြီး လေယာဉ်ခရီးစဉ်တွေနဲ့ ပင်လယ်ရေကြောင်း ခရီးစဉ်တွေ အားလုံး ရပ်ဆိုင်းထားလိုက်ရပါတယ်။

အဆင့် ၅ ဟိုင်ယန်တိုက်ဖုန်း မုန်တိုင်းဟာ ၁ နာရီကို ၁၇၀ မိုင်နှုန်းနဲ့ တိုက်ခတ်တာ ဖြစ်ပြီး လှိုင်းတွေ ၁၂ ပေကနေ ၁၅ ပေအထိ မြင့်တက်သွားပါတယ်။
http://burmese.dvb.no/archives/46116

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား