img.emoticon { padding: 0; margin: 0; border: 0; }

Friday, August 9, 2013

သမ္မတ ဦးသိန်းစိန်သည် စီးပွားရေး မူဝါဒ ဆိုင်ရာ ဆွေးနွေးရန် အစိုးရယန္တရား တာဝန်ရှိသူ အားလုံးကို ခေါ်ယူ တွေ့ ဆုံမည်

The Voice Weekly

အစိုးရသက်တမ်း ၂ နှစ်ခွဲအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အချို့ ပြုလုပ် ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စီးပွားရေး မူဝါဒ ဆိုင်ရာ ဆွေးနွေးရန် အစိုးရယန္တရား တာဝန်ရှိသူ အားလုံးကို ခေါ်ယူ တွေ့ ဆုံမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို သြဂုတ်လ ၉ ရက်နေ့တွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ပြည်နယ် ဝန်ကြီးချုပ်များကို စီးပွားရေး မူဝါဒနှင့် ပတ်သက်သည့် မိန့်ခွန်း တစ်ရပ် ပြော ကြားမည် ဖြစ်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးရေးအတွက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူ တစ်ဦးက ပြော ကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အစည်းအဝေး ပြုလုပ်ရာတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို မူဝါဒတစ်ရပ် ချမှတ်မှသာ တပေါင်းတစည်းတည်း တွေ့ဆုံလေ့ ရှိကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်း လိုက်သော ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များဆိုင်ရာ ဥပဒေကို လက်မှတ် ရေးထိုးရန် သြဂုတ်လ ၇ ရက်နေ့က ငြင်းဆန်ထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြဂုတ်လ ပထမပတ်အတွင်းတွင် စီးပွားရေး မူဝါဒအချို့ ပြုပြင် ပြောင်းလဲနိုင်ရန် ဗဟိုဘဏ် ဥပဒေအရ ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများကို ခန့်အပ်ခဲ့သည်။
ဇူလိုင်လ ၂၅ နှင့် သြဂုတ်လ ၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး လေးဦးနှင့် ဒုတိယ ဝန်ကြီး လေးဦးကို ဌာန ပြောင်းရွှေ့စေခဲ့ပြီး ဒုတိယဝန်ကြီး လေးဦးကို အနားပေးခဲ့သည်။

The Voice Weekly

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား