မြန်မာနိုင်ငံအား ယခု ၂၀၁၃ ခုနှစ် အတွက် ဂျပန်နိုင်ငံမှ ထုတ်ချေးသည့်
အိုဒီအေ ချေးငွေများကို ရန်ကုန်မြို့ရှိ အခြေခံ အဆောက်အအုံများ
ပြုပြင်တည်ဆောက်ခြင်း အပါအ၀င် ကဏ္ဍသုံးခုအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း
သိရသည်။ဂျပန်နိုင်ငံ အနေဖြင့် ယခုနှစ်တွင် မြန်မာနိုင်ငံအတွက်
အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ကို ထုတ်ချေးပေးမည်ဖြစ်ပြီး အဆိုပါ ချေးငွေများအား
ဝေးလံခေါင်ပါးသည့် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့ရှိ အရေးပါသည့် အခြေခံ
အဆောက်အအုံများ ပြုပြင်ရေး စီမံကိန်းနှင့် သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက်ရာတွင်
လိုအပ်သည့် အကူအညီများပေးရန် ကူညီခြင်း ဖြစ်ကြောင်း ဂျပန် အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA မှ တာဝန်ရှိသူ တစ်ဦးက
ပြောပြသည်။
''ဒီနှစ်မှာ ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို အိုဒီအေ
ချေးငွေ ၉၀၀ ကျော်ကို ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။ အဲဒီလို ထုတ်ချေးရာမှာလည်း သီလ၀ါ
စက်မှုဇုန် အပါအ၀င် ကဏ္ဍသုံးခုမှာ အသုံးပြုဖို့အတွက် ထုတ်ချေးတာပါ။ အခု လောလောဆယ်မှာ
လမ်း၊ တံတား၊ လျှပ်စစ်နဲ့ ရေကောင်းရေသန့် ရရှိရေးကို အမြန်ဆုံးဖြစ်အောင် အကောင်အထည်
ဖော်နေပါတယ်။ ပြီးရင်တော့ ရန်ကုန်မှာရှိတဲ့ အခြေခံ အဆောက်အအုံတွေ အတွက် ကူညီမယ်။
သီလ၀ါ စီမံကိန်းကို ကူညီဖို့ အတွက်ကတော့ နည်းနည်း အချိန်ယူ ရဦးမှာပါ'' ဟု JICA မှ
ဥက္ကဋ္ဌဖြစ်သူDr. Akihiko TAN -AKA က ပြောကြားသည်။
ဂျပန်နိုင်ငံမှ ထုတ်ချေးမည့်
အိုဒီအေ ချေးငွေမှ အမေရိကန်ဒေါ်လာ သန်း ၃၈၀ ကျော်ကို သီလ၀ါ အထူးစီးပွားရေးဇုန်
စီမံကိန်းအတွက် အသုံးပြုသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးတွင် လမ်း၊
တံတား၊ လျှပ်စစ်နှင့် ရေကောင်းရေသန့် ရရှိရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၁၇
သန်းကျော် အသုံးပြုမည်ဖြစ်ကာ ကျန်ရှိသည့် ငွေများအား ကဏ္ဍအသီးသီးတွင်
အသုံးပြုသွားမည်ဖြစ်ပြီး ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လုပ်ဆောင်ရန်
လိုအပ်သည့် အချက်များကို Master Plan များ ရေးဆွဲလျက်ရှိပြီး ရေအရင်းအမြစ်
ရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ အပါအ၀င် ခေါင်းစဉ် ၇၀ ကျော် ပါဝင်ကြောင်း
သိရသည်။
Eleven Media Group << Thanks
Monday, August 12, 2013
ဂျပန်နိုင်ငံမှ အိုဒီအေ ချေးငွေအား ရန်ကုန်မြို့ရှိ အရေးပါသည့် အခြေခံ အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်း အပါအ၀င် ကဏ္ဍသုံးခုအတွက် အသုံးပြုသွားမည်
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား