img.emoticon { padding: 0; margin: 0; border: 0; }

Friday, August 9, 2013

နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့ဝင်သုံးဦး ခန့်အပ်ခဲ့ပြီး အကြံပေး တစ်ဦးအား တာဝန်မှ အနားယူခွင့်ပြု

 http://news-eleven.com
နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်သုံးဦးအား ခန့်အပ်ခဲ့ကြောင်း သြဂုတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သော ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြေညာစာ ၅၃/ ၂၀၁၃ အရ သိရသည်။
ပြည်ထောင်စု အစိုးရအဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၁ ဖြင့် ဖွဲ့စည်းခန့်အပ် တာဝန်ပေးထားသော နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့များတွင် ဒေါက်တာအောင်ထွန်းသက်နှင့် ဒေါက်တာဇော်ဦးတို့အား စီးပွားရေး အကြံပေးအဖွဲ့ အဖြစ်လည်းကောင်း၊ ဦးဥာဏ်နိုင်ဝင်းအား ဥပဒေ အကြံပေးအဖွဲ့အဖြစ် လည်းကောင်း ခန့်အပ်တာဝန် ပေးခဲ့ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြေညာစာ ၅၃/၂၀၁၃ အရ သိရသည်။
ပြည်ထောင်စု အစိုးရအဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၁ ဖြင့် ဖွဲ့စည်းခန့်အပ် တာဝန်ပေးထားသော နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့များမှ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဦးရဲတင့်အား တာဝန်မှ အနားယူခွင့် ပြုလိုက်ကြောင်း အမိန့်ကြေညာစာ အမှတ် ၅၂/ ၂၀၁၃ ဖြင့် ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား