img.emoticon { padding: 0; margin: 0; border: 0; }

Friday, July 26, 2013

အင်တာနက် မှ ဒေါင်းလို့ရတဲ့ ဇာတ်ကားတွေ Video တွေကို အိမ်မှာရှိတဲ့ အောက်စက် DVD စက်နဲ့ဘယ်လိုကြည့်မလဲ ??????????


 Fromat Factory သုံးတာမှန်ပါတယ်
Fromat ပြောင်းတာမှားတာဖြစ်မယ် ကဲအတွေအကြုံလေးနည်းနည်းပြောပြမယ်နော်
အခု အင်တာနက်ပေါ်မှာရှိတဲ့ Video File တော်တော်များများ ဟာ FLV File ဖြစ်ပါတယ်
YOUTUBE တွေ ဇာတ်ကားတွေမှာပါ တွေ့ရပါတယ် FLV က Window media player
တောင်မဖတ်ပါဘူး DVD စက်ဆိုရင်ပြောမနေပါနဲ့တော့ GOM Player တို့ဘာတို့မှဖတ်ပါတယ်
ဘာလို့ FLV File ကို တင်ကြသလဲဆိုတော့ သူက ORIGINAL VIDEO SIZE ကို ချုံလို့ရပါတယ်
ရုပ်ထွက်လဲကောင်းပါတယ် ဒါကြောင့် အင်တာနက်ပေါ်တင်မယ်ဆိုရင် Flv ပြောင်းတင်ကြပါတယ်
လိုင်းနှေးလဲကြည့်လို့ရပါတယ် ။ဒေါင်းလို့ရတဲ့ VIDEO .FLV FIlE ကို Format Factory နဲ့
AVI အဖြစ်သို့ပြောင်းပေးရမှာဖြစ်ပါတယ်

MPEG4 MP4 တူတူပါဘဲ ဒီကောင်ကိုတော့ပြောင်းလို့ရပါသေးတယ်
ဒါပေးမဲ့ FILE SIZE တော့တော်တော်ကြီးပါတယ်
AVI ဘဲပြောင်းပါ AVI ပြောင်းပြီးတာနဲ့ USB ထဲကိုထည့်လိုက်ပါ
ဒါမှမဟုတ် DVD VCD ခွေထဲကို Burn လိုက်ပါ
ဒါဆိုရင် DVD အောက်စက်မှာကြည့်လို့ရပါပြီ
DVD VCD ထဲထည့်တဲ့အခါမှာ DVD VCD ကို USB သဖွယ်သုံးပါ
ပြောချင်တာကတော့ DATA အဖြစ် Burn ပါ DATA အနေနဲ့ Burn လျှင် Video 100 ကျော်လောက်ထည့်လို့ရပါတယ်
Video အနေနဲ့ Burn လျှင် 18 ခုလောက်ဘဲရပါတယ်
စမ်းပြီးသာပါ DVD ခွေပေါင်းလဲ မနည်းပါဘူး လွတ်ပစ်ရတာ
ဒီလို ခံရဖူး လို့ ဒီလောက်ရေးနိုင်တာပါ
 ကျွန်တော်ဖြစ်စေချင်တာက
ကျွန်တော်တစ်ယောက်ထဲအနစ်အနာခံမယ်
စာဖတ်တဲ့သူတို့ စမ်းစရာမလိုတော့ပါဘူး ကျွန်တော်စမ်းပြီးတော့တင်ပေးထားတာပါ
မှားစရာဘာမှမရှိတော့ပါဘူး လွယ်ပါတယ်ဗျာ

အခု DVD သီးချင်းတွေမှာ တွေ့ဖူးကြမှာပါ
FOLDER တွေနဲ့ သီးချင်းတွေအများကြီးဘဲ
ဒါက AVI အဖြစ်နဲ့ပြောင်းထားတာပါ
တချို့ခွေတွေ MPEG 4 နဲ့ ရှိပါတယ်
ဖွင့်မလို့မရဘူးဗျာ အဆင်မပြေဘူး

ကဲဒီလောက်ဆိုရင် နားလည်မယ်ထင်ပါတယ်
FORMAT FACTORY

ဒေါင်းရန်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား