img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, July 31, 2013

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ရေဒီယို အစီအစဉ်များမှတစ်ဆင့် မိန့်ခွန်းပြောကြားမည်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM ပုဂံနှင့် သဇင် အသံလွှင့် ဌာနတို့မှ သြဂုတ်လ (၁) ရက်၊ (၂) ရက်နှင့် (၃) ရက်နေ့ တို့၌ နံနက် (၇)နာရီ၊ နေ့လယ် (၁၁)နာရီ၊ ညနေ (၆) နာရီနှင့် ည (၈)နာရီတို့တွင် တစ်ရက်လျှင် (၄)ကြိမ်စီ ထုတ်လွှင့် သွားမည် ဖြစ်ပါကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား