img.emoticon { padding: 0; margin: 0; border: 0; }

Friday, July 26, 2013

ပင်စင်စားများ တိုးမြှင့်ပင်စင်လစာကို လွယ်ကူမြန်ဆန်စွာ ခံစားခွင့်ရရှိရေး

၁။ လက်ရှိပင်စင် ခံစားနေသော အငြိမ်းစားများအား လက်ရှိပင်စင် လစာအပြင် ဝန်ထမ်းများအား လစာတိုးမြှင့်ခွင့်ပြုသည့် ကျပ်(၂ဝ,ဝဝဝိ/-)အပေါ် ပင်စင် နည်းဥပဒေနှင့်
အညီ တွက်ချက်၍ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ လစာမှစ၍ တိုးမြှင့် ခံစားခွင့်ပြု ခဲ့ပါသည်။
၂။ပင်စင်စားများ တိုးမြှင့်ပင်စင်လစာကို လွယ်ကူမြန်ဆန်စွာ ခံစားခွင့်ရရှိရေး အတွက် ပင်စင်စားများက လျှောက်ထား ဆောင်ရွက်ရန် မလိုအပ်ဘဲ ပင်စင် ဦးစီးဌာနနှင့် သက်ဆိုင်ရာ ကာကွယ်ရေး ငွေစာရင်းရုံးများက တိုးမြှင့်ပင်စင် လစာသစ်ကို တာဝန်ယူတွက်ချက်၍ တိုးမြှင့်လစာသစ်ငွေ ပေးမိန့်ကို လက်ရှိပင်စင် ထုတ်ယူလျက်ရှိသော မြန်မာ့စီးပွားရေး ဘဏ်များသို့ ပေးပို့၍ ပင်စင် လစာသစ်အား ထုတ်ပေးလျက် ရှိပါသည်။

၃။၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့အထိ မြို့ပြ၊ ကာကွယ်ရေး ပင်စင်စားဦးရေ (၅၄၃,၆၄ဝ)ဦး၊ စာရင်းရှိအင်အား၏ ၉၇ ရာခိုင်နှုန်းအတွက် ပင်စင်လစာသစ် ထုတ်ယူခွင့်ကို မြန်မာ့စီးပွားရေး ဘဏ်များသို့ အကြောင်းကြား ဆောင်ရွက်ပြီး ဖြစ်ပါသည်။
၎။ပင်စင်လစာသစ် ခံစားခွင့်ရှိသူ ပင်စင်စားများအနက် အကြောင်းအမျိုးမျိုးကြောင့် ပင်စင်လစာ ထုတ်ယူရန် အခက်အခဲရှိသူများအား ထုတ်ယူခွင့် အမြန်ဆုံးရရှိနိုင်ရေး အတွက် ပင်စင်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ကာကွယ်ရေး ငွေစာရင်းရုံးများမှ ဆောင်ရွက်သွားပါမည်။
၅။ပင်စင်လစာသစ် ခံစားခွင့် မရရှိသေးသော ကာကွယ်ရေး ပင်စင်စားများသည် သက်ဆိုင်ရာ ကာကွယ်ရေး ငွေစာရင်းရုံးခွဲများသို့ ဆက်သွယ် ဆောင်ရွက်ပါရန်နှင့် မြို့ပြပင်စင်စားများသည် မိမိတို့နှင့်နီးစပ်ရာ ပင်စင်ဦးစီးဌာန ရုံးချုပ်၊ တိုင်းဒေသကြီးရုံးနှင့် ပြည်နယ်ရုံးများသို့ အောက်ပါဖုန်း/င်္ထေ နံပါတ်များဖြင့် ဆက်သွယ် သတင်းပေးပို့ကြပါရန်နှင့် ပင်စင် လစာသစ် ခံစားခွင့်ရရှိရေး အမြန်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်-

စဉ်               ပြည်နယ်/တိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံး   ဆက်သွယ်ရန်ဖုန်းနံပါတ်များ/ င်္ထေ

၁။      နေပြည်တော်ရုံးချုပ်    ဝ၆၇-၄၁ဝ၃၇၂၊ ဝ၆၇-၄၁ဝ၅၂၁၊ ဝ၆၇-၄၁ဝ၄၄၆

၂။      ရန်ကုန်တိုင်းဒေသကြီးရုံး       ဝ၁-၃၇၆၆၈၅၊ ဝ၁-၃၇၄၇၆၅

၃။      ဧရာဝတီတိုင်းဒေသကြီးရုံး     ဝ၄၂-၂၅၅၅၃

၎။      ရခိုင်ပြည်နယ်ရုံး        ဝ၄၃-၂၄၃၁၅

၅။      မွန်ပြည်နယ်ရုံး ဝ၅၇-၂၇၁၅ဝ

၆။      ကရင်ပြည်နယ်ရုံး       ဝ၅၈-၂၂၅၂၂

၇။      တနင်္သာရီတိုင်းဒေသကြီးရုံး   ဝ၅၉-၂၃၄၉၃

၈။      ပဲခူးတိုင်းဒေသကြီးရုံး  ဝ၅၂-၂၁၂၁၆၊ ဝ၅၂-၂၁ဝ၁၇

၉။      ပဲခူးတိုင်းဒေသကြီးရုံးခွဲ(ပြည်မြို့)      ဝ၅၃-၂၆၄၇၆

၁ဝ။    မန္တလေးတိုင်းဒေသကြီးရုံး      ဝ၂-၇၁၈၃၂

၁၁။    မကွေးတိုင်းဒေသကြီးရုံး        ဝ၆၃-၂၅၅၈၁

၁၂။    စစ်ကိုင်းတိုင်းဒေသကြီးရုံး      ဝ၇၁-၂၃၆၁၆/ဝ၇၁-၂၃၄၉၅

၁၃။    ကချင်ပြည်နယ်ရုံး      ဝ၇၄-၂၂ဝ၆၄

၁၄။    ရှမ်းပြည်နယ်   ဝ၈၁-၂၅ဝ၁၉

၁၅။    ရှမ်းပြည်နယ်ရုံးခွဲ(ကျိုင်းတုံမြို့)         ဝ၈၄-၂၃ဝ၂၅

၁၆။    ရှမ်းပြည်နယ်ရုံးခွဲ(လားရှိုးမြို့) ဝ၈၂-၃ဝ၉၄၁

၁၇။    ကယားပြည်နယ်       ဝ၈၃-၂၂၅၃၇/ဝ၈၃-၂၁၁ဝ၃

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား