img.emoticon { padding: 0; margin: 0; border: 0; }

Sunday, July 28, 2013

စက်မှုဝန်ကြီးဌာနမှ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သော စက်ရုံ ၇၀ အား ကာလပေါက်ဈေးထက် လျော့နည်း၍ လွှဲပြောင်းပေးခဲ့ခြင်း မရှိ၊ သူ့လက်ထက်တွင် လုပ်ဆောင်မှုအလုံးစုံ တာဝန်ယူကြောင်း ယခင်စက်မှုဝန်ကြီး ပြောကြား


ယခင်ဝန်ကြီးများ တာဝန်ယူစဉ်အချိန်က ကိစ္စများအား မပြောနိုင်သော်လည်း ဒီမိုကရေစီ နိုင်ငံအဖြစ် ပြောင်းလဲပြီးသည့် နောက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနမှ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သည့် စက်ရုံများအား ကာလပေါက်ဈေးထက် လျော့နည်း၍ လွှဲပြောင်းပေးခဲ့ခြင်း မရှိဘဲ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ခဲ့ကာ ယင်းလက်ထက်တွင် လုပ်ဆောင်ခဲ့သည်များအား တာဝန်ယူကြောင်း ယခင်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဦးအေးမြင့်က ပြောကြားသည်။
စက်မှုဝန်ကြီးဌာနပိုင် စက်ရုံများ အနေဖြင့် စက်ရုံပေါင်း ၁၄၄ လုံးရှိကာ အစိုးရသစ် တက်လာခဲ့ပြီးနောက်တွင် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်ခြင်းများ လုပ်ဆောင်ခဲ့ရာတွင် လက်ရှိကာလအထိ စက်ရုံအလုံးပေါင်း ၇၀ အား ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးဖြစ်ပြီး ထိုသို့လွှဲပြောင်းပေးအပ် မှုများအနက် အချို့သော စက်ရုံများအား လွှဲပြောင်းရာတွင် ပြည်တွင်းကာလပေါက်ဈေးထက် လျော့နည်းလွှဲပြောင်းမှုများ ရှိနေကြောင်း ဝေဖန်မှုများ ရှိနေသည့်အပေါ် ဦးအေးမြင့်က တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်လက်ထက်မှာ ဘာတစ်ခုမှ ကျိတ်လုပ်တာ မရှိဘူး။ တစ်ခုခုလုပ်မယ်ဆို အိတ်ဖွင့်တင်ဒါ ခေါ်တယ်။ နောက်တစ်ခုက တင်ဒါစိစစ်ရေး အဖွဲ့တွေ ဖွဲ့ထားတယ်။ လူပေါင်းစုံ ပါဝင်တဲ့ စိစစ်ရေးအဖွဲ့က ရွေးတာ။ ဈေးပြိုင်ပေးတဲ့ သူတွေထဲက အများဆုံး ပေးတဲ့သူတွေကို နောက်ဆုံးအဆင့်မှာခေါ်ပြီး မျက်နှာချင်းဆိုင် ထိုင်ခိုင်းပြီး ဘယ်လောက်ပေးနိုင်လည်း ဆိုတာမျိုးပါ မေးပြီးလုပ်တယ်။
အမြင့်ဆုံးပေးတဲ့သူကို လွှဲပေးလိုက်တာပဲ။ ကျွန်တော်ဘာတစ်ခုမှ ကျိတ်လုပ်တာ မရှိဘူး" ဟု ဦးအေးမြင့်က ပြောကြားသည်။
အရင်က လုပ်ခဲ့တာတွေကိုတော့ မပြောနိုင်ဘူး။ လုပ်ခဲ့တယ်ဆိုရင်လည်း သဘောတူစာချုပ်တွေ ရှိတယ်။ ကျွန်တော့်လက်ထက်မှာ အသစ်လုပ်တဲ့ စာချုပ်တွေကို ကာလပေါက်ဈေးနဲ့ လုပ်ခဲ့ပေမဲ့ အရင်တုန်းက လုပ်ခဲ့တဲ့ စာချုပ်တွေသက်တမ်း မကုန်သေးခင်မှာ ကျွန်တော်တို့လည်း ပြင်လို့မရပါဘူး . . . . .

စက်မှုဝန်ကြီးဌာနအား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် အမှတ် (၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်သောင်းနှင့်၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်လှမြင့်ဆွေတို့ တာဝန်ယူခဲ့ကာ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်တွင် စတင်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ လက်ထက်တွင် အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာနအဖြစ် တည်ရှိခဲ့ပြီး လက်ရှိသမ္မတရုံး ၀န်ကြီးဖြစ်သူ ဦးစိုးသိန်းက တာဝန်ယူခဲ့ပြီးနောက် စက်မှုဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့မှုတွင် ဦးအေးမြင့်က တာဝန်ယူခဲ့ကြောင်း သိရသည်။

ယခင်စက်မှုဝန်ကြီး ဦးအေးမြင့်အနေဖြင့် ယင်းလက်ထပ်တွင် လွှဲပြောင်းပေးခဲ့သည့် စက်ရုံများအား ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ခဲ့သဖြင့် တာဝန်ယူနိုင်သော်လည်း ယခင်ဝန်ကြီးများ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များအား တာဝန်ယူပြောဆိုနိုင်မှု မရှိကြောင်း ဦးအေးမြင့်က ဆက်လက်ပြောကြားသည်။

"ကျွန်တော့်လက်ထက်မှာ ပွင့်လင်းမြင်သာအောင် လုပ်တယ်။ သတင်းစာထဲမှာ ထည့်တယ်။ အခု မေးကြည့်လိုက်ပါ။ ဒေသပေါက်ဈေးထက် နည်းတာရှိလား။ သူများတွေကတောင် ကျွန်တော့်ကို ပြောကြသေးတယ်။ ဈေးတွေအရမ်းများလို့တဲ့။ အခုစက်မှုဝန်ကြီးဌာနက ထိုင်နေတဲ့ သူတွေရှိတယ်။ ဟုတ်ပြီနော်။ အရင်က လုပ်ခဲ့တာတွေကိုတော့ မပြောနိုင်ဘူး။ လုပ်ခဲ့တယ်ဆိုရင်လည်း သဘောတူစာချုပ်တွေ ရှိတယ်။ ကျွန်တော့်လက်ထက်မှာ အသစ်လုပ်တဲ့ စာချုပ်တွေကို ကာလပေါက်ဈေးနဲ့ လုပ်ခဲ့ပေမဲ့ အရင်တုန်းက လုပ်ခဲ့တဲ့ စာချုပ်တွေသက်တမ်း မကုန်သေးခင်မှာ ကျွန်တော်တို့လည်း ပြင်လို့မရပါဘူး" ဟု ဦးအေးမြင့်က ပြောကြားခဲ့သည်။

လက်ရှိကာလတွင် ၀န်ကြီးဌာန ၀န်ကြီးများအား သမ္မတ၏ တာဝန်လွှဲပြောင်း ပေးအပ်မှုများအရ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေဖြင့် တာဝန်ယူမည်ဖြစ်ကာ ဦးအေးမြင့်အနေဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ၀န်ကြီးဌာနများအနက် စက်မှုဝန်ကြီးဌာနသည် လာဘ်ပေးလာဘ်ယူမှု ပြဿနာများနှင့် ပတ်သက်၍ ပြည်သူများအကြားတွင် ဝေဖန်မှုများရှိနေသော ဌာနဖြစ်သည်။ လက်ရှိရွှေ့ပြောင်းခံရသူ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်သည် အင်ဂျင်နီယာ တစ်ဦးဖြစ်ကာ လက်ရှိလွှဲပြောင်းခံရသည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနထက် ယခင်ရာထူးဖြစ်သည့် စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စု ၀န်ကြီးအဖြစ်သာ သင့်တော်ကြောင်း ပြည်သူများက ယူဆကြသည်။ ဦးအေးမြင့်အနေဖြင့် စက်မှုဝန်ကြီးဌာနတွင် တာဝန်ယူခဲ့စဉ် လုပ်ဆောင်မှုများအား ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ခဲ့ကြောင်း တာဝန်ခံပြောကြားခဲ့ပြီး ယင်းသည် လာဘ်ပေးလာဘ်ယူမှု ပြဿနာများနှင့် ပတ်သက်၍ နာမည်ပျက် မရှိသူဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံပိုင် စက်ရုံများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရန် မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ဖွဲ့စည်းခဲ့ပြီး ပုဂ္ဂလိကသို့ နိုင်ငံပိုင်စက်ရုံများစွာ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သော်လည်း အဆိုပါ ကော်မရှင် အနေဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သည့် စက်ရုံ၏ ဈေးနှုန်းများ၊ လက်ခံရရှိသည့် ကုမ္ပဏီများ စသည့်အသေးစိတ် အချက်အလက်များကိုမူ ပြည်သူများသိရှိရန် ထုတ်ပြန်မှု နည်းပါးနေဆဲ ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပက်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်အား တွေ့ရစဉ် Eleven Media Group< Thank
Reposted By ACM 29-7-2013

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား