img.emoticon { padding: 0; margin: 0; border: 0; }

Sunday, February 17, 2013

တောက်ပသော အရောင်များဖြင့် ထူးခြား ဆန်းကြယ်သည့် ပင်လယ်ရေကြွက်

သက်ရှိများ နေထိုင်ရာ ကမ္ဘာကြီးမှာ ထူးခြား ဆန်းကြယ်မှု များနှင့် ပြည့်နှက်လျက် ရှိသည်။ အထူးသဖြင့် လူသားတို့ သွားရောက် လေ့လာရန် ခက်ခဲသည့် တောနက်ကြီးများ၊ တောင်ပေါ် ဒေသများနှင့် သမုဒ္ဒရာ အတွင်း နေထိုင်ကျက်စား ကြသည့် သတ္တဝါများမှာ အလွန်ထူးခြား များပြားလှသည်။
အဏ္ဏဝါ ချစ်သူများ အနေဖြင့် သမုဒ္ဒရာ အတွင်း ရေနက်ပိုင်းတွင် နေထိုင် ကျက်စားသည့် တောက်ပသော အရောင်အသွေး ဖြင့် လှပသော ပင်လယ် ရေကြွက်ကို ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်လိုက်ပါသည်။ ပင်လယ်ရေနက် ပိုင်းတွင် နေထိုင်သည့် ပင်လယ် ရေကြွက်ကို လွယ်ကူစွာ တွေ့မြင်နိုင်ရန် အလွန်ခက်ခဲသည်။ တစ်ခါတစ်ရံ မုန်တိုင်း တိုက်ခတ်မှု အရှိန်ကြောင့် ပင်လယ် လှိုင်းလုံးကြီး များနှင့်အတူ ကမ်းခြေသို့ ရောက်ရှိ လာတတ်သည်။ ပင်လယ် ရေကြွက်သည် ပင်လယ် ရေနက်ပိုင်း အတွင်း နေထိုင်သည့် ပိုးအမျိုးအစား တစ်မျိုးဖြစ်ပြီး သာမန်အားဖြင့် ရေမျက်နှာပြင် အောက် ပေ ၆၆ဝဝ ကျော်တွင် တွေ့ရှိရသည်။
၎င်း၏ ခန္ဓာ ကိုယ်တွင် တောက်ပသော အရောင်ရှိ အမွေးများက တစ်ကိုယ်လုံး ဖုံးလွှမ်းနေပြီး အရောင်မှာ စိမ်းပြာ ရောင်ရှိကာ အရှည် ၁၂ လက်မ အထိ ကြီးထွားနိုင်သည်။ ပင်လယ် ရေကြွက်ကို မြောက် အတ္တလန္တိတ် သမုဒ္ဒရာ၊ မြောက်ပင်လယ်၊ ဘောလတစ် ပင်လယ်နှင့် မြေထဲပင်လယ် တို့တွင် တွေ့ရှိရသည်။  ပင်လယ် ရေကြွက်တွင် လိင်အင်္ဂါ နှစ်မျိုးစလုံး ပါရှိသည်။ ၎င်းကို ဂရိ အချစ်နတ်သမီ အပရိုဒိုက်၏ အမည်ကို သုံးစွဲ၍ သိပ္ပံအမည် Aphrodite ဟု အမည် ပေးထားသည်။ ၎င်း၏ကျောပြင် တစ်ခုလုံးအား မာကြမ်းသော  စိမ်းပြာရောင် တောက်နေသည့် အမွေးများ ဖုံးအုပ်ထားပြီး မျက်စိများ မပါရှိပေ။ ၎င်းတို့ သွားလိုသည့် နေရာများသို့ အာရုံခံ ဦးမှင်နှင့် ခန္ဓာကိုယ် အစွန်းရှိ လှော်တက်ပုံ အစိတ်အပိုင်း များဖြင့် အာရုံခံ သွားလာကြသည်။ ရေကြွက်များသည် သေဆုံးသွားသည့် ရေသတ္တဝါများနှင့် ပုပ်ဆွေးနေသော ရေသတ္တဝါ များကို စားသုံးကာ ပင်လယ်ကြမ်းပြင် အတွင်း တွင်းတူး နေထိုင်လေ့ ရှိကြသည်။http://www.myawady.com.mm

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား