img.emoticon { padding: 0; margin: 0; border: 0; }

Thursday, February 21, 2013

ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်


နယ်စပ်နှင့် တောင်တန်းဒေသများတွင် အနာဂတ်ဖွံ့ဖြိုးရေးအတွက် ကျေးလတ်ဗဟိုပြု လူငယ်ပျိုးခင်းသင်တန်းကျောင်း စတင်ဖွင့်လှစ်ပေးရန် အဆိုအား လွှတ်တော်ကိုယ်စားလှယ် လေးဦးက ဆွေးနွေးခြင်း


မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား အဆင့်မီ ဖွံ့ဖြိုးတိုးတက်သည့် ဂုဏ်အင်္ဂါရပ်များနှင့် ညီညွတ်စေရန် အကောင်အထည်ဖော်နိုင်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်တံခါးမုဒ်ဦးဖြစ်သည့် မူဆယ်မြို့အား နိုင်ငံကျက်သရေဆောင် မြို့ပြစီမံကိန်း ရေးဆွဲအကောင်အထည် ဖော်ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်း

ကျန်းမာရေး ၀န်ကြီးဌာနမှ ပြဌာန်းထားသော ဥပဒေများတွင် သက်ရှိကျောက်ကပ်အစားထိုးခြင်းကို ညီအစ်ကို မောင်နှမအချင်းချင်း၊ သားသမီးအရင်းမှ မိဘအရင်း၊ မိဘအရင်းမှ သားသမီးအရင်း တို့သို့ ကျောက်ကပ်ကို အစားထိုးခွဲစိတ် ကုသခွင့်အပြင် တစ်ဝမ်းကွဲကျောက်ကပ်လှူခြင်းအား ခွင့်ပြုသည့် ဥပဒေပြဌာန်းနိုင်ရေးကို စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းခြင်းများကို ပြုလုပ်သွားမည် ဖြစ်ပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား