မော်စကို ဖေဖော်ဝါရီ ၁၅
ရုရှားနိုင်ငံ ချယ်ယက် ဘင့်ခ်မြို့
ပေါ်သို့ ဖေဖော်ဝါရီ ၁၅ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီမိနစ် ၂ဝ
အချိန်တွင် ကြီးမားသော ဥက္ကာခဲများ ကျရောက်မှုကြောင့် ပေါက်ကွဲမှုများ
ဖြစ်ပွားပြီး စက်ရုံနှင့် အဆောက်အအုံ အချို့ ပျက်စီးကာ လူ ၄ဝဝ ကျော်
ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
ကာဇက်စတန် နယ်စပ် အနီးတွင် တည်ရှိပြီး
ရုရှားနိုင်ငံ မော်စကိုမြို့ အရှေ့ဘက် မိုင် ၉ဝဝ အကွာရှိ ချယ်ယက်ဘင့်ခ်
မြို့တွင် ဥက္ကာခဲများ ကျရောက်မှုကြောင့် ယူရယ်ဒေသ ဝန်းကျင် တွင်
ထိခိုက်မှုတို့ ဖြစ်ပွားခဲ့သည်။ ဒေသ စံတော်ချိန် နံနက် ၉ နာရီ မိနစ် ၂ဝ
အချိန်တွင် ကောင်းကင်မှ မီးတောက်များ တောက်ပစွာ ပေါ်ထွက်လာ ခဲ့ပြီးနောက်
ပေါက်ကွဲမှု ဖြစ်ပေါ် ကာ အဆောက် အအုံနှင့် မြေပြင်တို့ တုန်လှုပ်ခဲ့သည်။
ဥက္ကာခဲ ကျရောက်မှုကြောင့် ဖြစ်ပေါ်လာသော
ပေါက်ကွဲမှုသည် အဆောက်အအုံ မှန်များ အစိတ်စိတ် အမွှာမွှာ ကွဲထွက်ခဲ့သည်။
ချယ်ယက်ဘင့်ခ် ဒေသရှိ လူနေ ကျဲပါးသော နယ်မြေ အတွင်းသို့ ဥက္ကာခဲများ
ကျရောက်မှုကြောင့် ဇင့်စက်ရုံ တစ်ခု၏ ၆ဝဝဝ စတုရန်း ပေရှိ အမိုး
ပျက်စီးခဲ့ပြီး စက်ရုံအနီးရှိ ဓာတ်ကြိုးများနှင့် လူနေ အဆောက်အအုံ များရှိ
မှန်များ ပျက်စီး ခဲ့သည်။
ဥက္ကာခဲ ကျရောက်မှုကြောင့် ပေါက်ကွဲ
မှုများဖြစ်ပွားရာ လူ ၄ဝဝ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါး ကုသမှု
ပေးလျက်ရှိကာ အနည်းဆုံး လူသုံးဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း ပြည်ထဲရေး
ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဟဒင်ကိုလက် စနီကော့ဗ်က ပြောကြား သည်။
ထိခိုက်ဒဏ်ရာ ရရှိသူ အများစုမှာ မှန်ကွဲစများ ထိမှန်ခြင်း ဖြစ်သည်။
ထိခိုက်ဒဏ် ရာရ သူများအား လိုအပ်သော အကူအညီများ ဆောင်ရွက်ရန် ကယ်ဆယ်ရေး
လုပ်သား ၂ဝဝဝဝ ခန့်အား စေလွှတ်ထားကြောင်း အရေးပေါ် အခြေအနေ ဆိုင်ရာ
ဝန်ကြီးဌာန က ပြောကြား ခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာန ကလည်း အခင်းဖြစ်ပွားရာ
နေရာသို့ တပ်ဖွဲ့ဝင်များ စေလွှတ် ထားကြောင်း ပြောကြားခဲ့သည်။ ချယ်ယက်ဘင့်ခ်
ဒေသ၌ ဖေဖော်ဝါရီ ၁၅ ရက်တွင် မူလတန်း ကျောင်းများ ပိတ်ထား ခဲ့သည်။
ဥက္ကာခဲ ကျရောက်မှုကြောင့် ပေါက်ကွဲမှု
ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ကျောင်းသားအရွယ် ကလေးငယ် လေးဦးမှန်ကွဲစ
ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။ ဥက္ကာခဲသည် ကောင်းကင်ထဲတွင် ပေါက်ကွဲပြီး တစ်ခုမှာ
စာသင်ကျောင်းအနီး ကျရောက်ခဲ့ကာ ကျန်ဥက္ကာခဲ တစ်ခုမှာ ဇင့် စက်ရုံအား ထိမှန်
ပျက်စီးခဲ့သည်။ ဥက္ကာခဲ အစိတ်အပိုင်း များသည် ချယ်ယက် ဘင့်ခ်မြို့မှ မိုင်
၁၂ဝ အကွာ Satka နေရာတွင် ကျရောက်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
ယခုကျ ရောက်သော ဥက္ကာခဲများသည် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းတွင် ကမ္ဘာ၏ပတ်
လမ်းအနီး ကပ်၍ ဖြတ်ကျော်မည့် 2012 DA14 ဂြိုဟ်သိမ် ဂြိုဟ်မွှားနှင့်
ဆက်စပ်မှု မရှိဟု ယူဆ ထားသည်။ ယခုကျ ရောက်ခဲ့သော ဥက္ကာခဲသည် တူမန်၊
ကာဂန်နှင့် ဆာ့ဗ်လော့ခ် ဒေသနှင့် ဆားဘီးယား တောင်ပိုင်းတို့ကို
ဖြတ်ကျော်ပြီး ကာဇက်စ တန် နိုင်ငံဘက်မှ ရုရှားနိုင်ငံ အတွင်းသို့ ဝင်ရောက်
လာခြင်းကြောင့် အရေးပေါ် အခြေအနေ ဆိုင်ရာ ဝန်ကြီးဌာနမှ ယူရယ်ဒေသ ဆိုင်ရာ
သတင်းထုတ်ပြန်ရေး အကြီးအကဲ ဗာဒင်ဂရီဗန် နီကော့က ပြောကြား သည်။
ဥက္ကာခဲများသည် အမြင့်ပေ ၃၂၈ဝဝ တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး မြေပြင်သို့ ကျ
ရောက်ခဲ့ခြင်း ဖြစ်သည်။ ဥက္ကာခဲများသည် အာကာသ အတွင်း ၄င်းတို့၏ ပတ်လမ်း
အတိုင်း သွားနေရာမှ ကမ္ဘာ့ဆွဲအားကြောင့် လေထုအတွင်း ဝင်ရောက်လာသည့်
ကျောက်တုံး အစိတ် အပိုင်းများ ဖြစ်ကြသည်။ ၄င်းကျောက်တုံး များသည်
ဂြိုဟ်များ၏ အစိတ်အပိုင်း ပဲ့ထွက်မှု၊ ဂြိုဟ်အချင်းချင်း
တိုက်ခိုက်မှုကြောင့် အာကာသ အတွင်း လွင့်စင် ထွက်လာခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား