![14mt3](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_ujnFgZ1c2YO0ExI2ZcT5KiumE8mOGxkY43INVkJ-QNsw_w3bGEozfNNDzN8qAQzRZFXf-1hm1xe1Fd3aaRA63_Yb9jXSx2QjH7Xk8q11vzXac9TXy6Qx02b0hr=s0-d)
အမေရိကန်၏
ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများမှာ မြန်မာနိုင်ငံသို့
ထပ်မံဝင်ရောက်မြှုပ်နှံရန် ပြင်ဆင်လျက်ရှိကြောင်း နိုင်ငံတကာ
သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အမေရိကန်ထိပ်တန်း ကုမ္ပဏီများစာရင်းဝင်
General Electric, Master Card, Coca-Cola နှင့် Pepsi ကုမ္ပဏီတို့
လာရောက်မြှုပ်နှံ လုပ်ကိုင်လျက် ရှိပါသည်။
ဆက်လက်၍လည်း ထိပ်တန်း ကုမ္ပဏီစာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများမှာ
ထပ်မံဝင်ရောက်ရန် စီစဉ်နေကြောင်း၊ ယခုလတ်တလောတွင် အမေရိကန်ရှိ
ကြော်ငြာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Omnicom Group မှ ၀င်ရောက်လုပ်ကိုင်ရန်
ပြင်ဆင်နေပြီး မြန်မာနိုင်ငံ၌ ရေရှည်မြှုပ်နှံပါက အကျိုးစီးပွား
ဖြစ်ထွန်းနိုင်ကြောင်း သုံးသပ်ထားသည်။
အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ လကုန်အထိ
အမေရိကန်ဒေါ်လာ ၂၄၃ ဒသမ ၅၆၅ သန်းသာ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံ၏
စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၁ ရာခိုင်နှုန်းပင်
မပြည့်ကြောင်း၊ မြန်မာ-အမေရိကန် ကုန်သွယ်မှု ပမာဏမှာလည်း အမေရိကန်ဒေါ်လာ သန်း
၃၀၀ ပင် မပြည့်သေးကြောင်း သိရသည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့်
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်ကုမ္ပဏီများ၏ ပြင်ဆင်နေမှုအရ
မကြာမီ နှစ်ပိုင်းအတွင်း၌ပင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပမာဏမှာ
ထိုးတက်လာဖွယ်ရှိကြောင်းလည်း ပြည်တွင်းလုပ်ငန်းရှင်များက သုံးသပ်နေသည်။
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း နိုင်ငံအချို့ထက် လူဦးရေ
ပိုမိုများပြားပြီး စွမ်းအင်နှင့် သဘာဝရင်းမြစ်များ ပေါများသည့်
အခြေအနေကြောင့် အကျိုးဖြစ်ထွန်းနိုင်ကြောင်းနှင့် အနောက်နိုင်ငံမှ
ကုမ္ပဏီအများစုမှာ မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊
အခြေခံအဆောက်အဦများ တည်ဆောက်သည့် ကဏ္ဍများကို
စိတ်ဝင်စားလျက်ရှိနေကြောင်းလည်း The Wall Street Journal တွင်
ဖော်ပြထားသည်။
အမေရိကန်ကုမ္ပဏီများအပြင် ဂျပန်၊ ထိုင်းအပါအ၀င်
အခြားအာရှနိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံတွင်
ဝင်ရောက်မြှုပ်နှံရန်အတွက် ပြင်ဆင်နေကြသည်ဟု သိရပါသည်။https://www.facebook.com/ElevenMediaGroup
|
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား