img.emoticon {
padding: 0;
margin: 0;
border: 0;
}
တိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး တက္ကသိုလ်မှ ကျောင်းသားများ
စစ်ကိုင်းရွာသစ်ကြီးမှ မိမိတို့၏ မူလကျောင်းနေရာသို့ လမ်းလျှောက်ရွှေ့ပြောင်းလာကြသည့်
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး တက္ကသိုလ်မှ
ကျောင်းသားများသည် ယနေ့ နေ့လည် ၁၂ နာရီခန့်က သက်ဆိုင်ရာ
တိုင်းရင်းသားဝတ်စုံများဝတ်ဆင်၍ ကျောင်းရှေ့ နေပူထဲ၌ ထိုင်ကာ မူလကျောင်းနေရာသို့ပြန်လည်ရွှေ့ပြောင်းပေးရန် ဆက်လက်ဆန္ဒထုတ်ဖော်မှုပြုလုပ်နေကြပြီး အ ချို့မှာလည်း ငိုနေကြကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
ကျောင်းသားများထံသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဗိုလ်ချုပ်ဇော်ဝင်းလာရောက်၍ ထိုကဲ့သို့ ဆက်မလုပ်ရန်နှင့် ကျောင်းသားများ၏
ဆန္ဒကို အထက်သို့တင်ပြပေးဟု ပြောသော်လည်း ကျောင်းသားများမှာ တိကျသော
အဖြေရသည်အထိစောင့်ဆိုင်းနေမည်ဖြစ်ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား