Thursday, November 22, 2012
ရခိုင်ပြည်နယ်ပဋိပက္ခနှင့် စပ်လျဉ်း၍ ဒေါက်တာ ထွန်းအောင်ကို ထောင်ဒဏ်ချမှတ်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင်ခဲ့သည့် မောင်တောမြို့ အကြမ်းဖက်မှုကို
ဦးဆောင်သူဟူသော သင်္ကာမကင်းမှုဖြင့် ဖမ်းဆီးခံထားရသည့် ဒေါက်တာ ထွန်းအောင်
(ခ) နုရ်ဟောက်အား စစ်တွေခရိုင် တရားရုံးမှ ပြီးခဲ့သည့် ရက်ပိုင်းက ထောင်ဒဏ်
၁၂ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ဒေါက်တာ ထွန်းအောင်အား ယခုနှစ် ဇွန်လ ၈
ရက်နေ့က ဖြစ်ပွားခဲ့သော မောင်တောအကြမ်းဖက်မှုနှင့် ပတ်သက်၍
ဖမ်းဆီးခြင်းဖြစ်ပြီး ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၁၄၇၊ နိုင်ငံတော်
အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ လိမ်လည်မှု ပုဒ်မ ၄၂၀၊ ၄၆၈၊ ပုဒ်မ ၆(၁)၊ ပုဒ်မ ၁၅၃
စသည့် ပုဒ်မတို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရှိရသည်။http://burma.irrawaddy.org/archives/26239
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား