img.emoticon { padding: 0; margin: 0; border: 0; }

Thursday, September 6, 2012

ခုနှစ်ရက်အတွင်း ဆယ်ပေါင် နှင့်အထက် အဆီချ Diet Program,,,,




အဆီကျဟင်းရည် ချက်နည်း

ကြက်သွန်နီဥကြီး 6 လုံး
ငရုတ်သီးပွ (အစိမ်း) 2 ခု
ခရမ်းချဉ်သီး 6 လုံး
တ၇ုတ် နံနံပင်
ဂေါ်ဖီထုပ် 1 လုံး
Lapton Omon Soup Mix တစ်ထုပ် (လိုအပ်လျှင် စွပ်ပြုတ်အခဲ (၁-၂) ခဲ)
အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊ အမွှေးအကြိုင် လိုအပ်သလိုထည့်ပါ။ (တုန်ယမ်း ချဉ်စပ် အနှစ်နဲ့ တွဲဖက်ချက်လျှင်လည်းရပါသည်... ကျွန်တော်ကတော့ တုန်ယမ်းနှင့်တွဲချက်ပါသည်.... အနံအသက်အတော်သက်သာသည်ကို တွေ့ရပါသည်..)

အသီးအရွက်များကို အရွယ်တော် အတုံးများဖြစ်အောင်ဖြတ်ပါ။ ရေဖုံးအောင်ထည့်ပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်မှ ရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံ့နှင့် အရသာကို ပိုမိုကောင်းမွန်စေပါသည်။
ပွက်ပွက်ဆူ အနေအထားမှာ ၁၀ မိနစ်ခန့် ထားပါ။ ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက်များကို နူးနပ်သည်အထိ ချက်ပါ။

အထက်ပါအဆီကျဟင်းရည်ကို အချိန်မရွေး၊ စားချင်သလောက် စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီများမတိုးလာနိုင်ပါ။ များများစားလေ အလေးချိန်ပိုလျော့နိုင်လေဖြစ်ပါသည်။ အလွန်ကြာရှည်စွာစားသုံးလျှင်မူ အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ နေ့လည်ပိုင်းများတွင် အပြင်သွားနေရမည်ဆိုပါက ထမင်းချိုင့်ထဲထည့်၍ သယ်ယူသုံးဆောင်နိုင်ပါသည်။

(၇) ရက်စားသုံးနည်းအစီအစဉ်ကို သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်း တိကျစွာလိုက်နာပါက သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါလိမ့်မည်။ ပေါ့ပါးကျန်းမာခြင်း ကိုလည်း ခံစားရပါလိမ့်မည်။

ဤအစီအစဉ်ကို ရက်အနည်းငယ်အတွင်းမှပါပင် ပေါ့ပါးလာသည်ကို တွေ့ရမည်ဖြစ်ပြီး ခွန်အားများလည်း ရှိလာမည်ဖြစ်သည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်အထိကြာရှည်စွာစားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ ချေဖျက်နိုင်သည့်နည်း ဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးနိုင်သည့်ပမာဏထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်
ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိအဆီများကို ဖယ်ရှားနေသည့်ကာလဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျော်ပါ။ ဤဟင်းရည်စားသုံးခြင်းကို အနည်းဆုံး ၂၄ နာရီခွာ၍ ရပ်ပြီးမှ အရက်သုံးဆောင်သင့်ပါသည်။
လူတစ်ဦးစီ၏ အစာချေဖျက်စနစ်မတူညီသောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ် သက်ရောက်မှုမှာလည်း ကွဲပြားနိုင်ပါသည်။ ဤစားသုံးနည်းကိုစတင်ပြီး ရက်အနည်းငယ်အတွင်း သင်၏၀မ်းဗိုက်လှုပ်ရှားမှုအခြေအနေ ပြောင်းလဲခဲ့ပါက bran နှင့် fibre ကိုတစ်ခွက်စာစားသုံးနိုင်ပါသည်။ ဤ (၇) ရက်အတွင်း ဘလက်ကော်ဖီ သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်တော့ကြောင်း (၃) ရက်အကြာတွင်တွေ့ရလိမ့်မည်။

အထူးရှောင်ကြဉ်ရန်

ပေါင်မုန့်၊ အရက်နှင့် ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။ ရေ၊ အချိုမပါသော လက်ဖက်ရည်၊ ဘလက်ကော်ဖီ၊ အချိုမပါသော အသီးဖျော်ရည်များနှင့် အဆီဖယ်ထုတ်ထားသော နွားနို့တို့ကို သုံးဆောင်နိုင်ပါသည်။ အရေခွံမပါသော ကြက်သားပြုတ် (သို့) ကြက်သားကင်ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။ သင်ပိုမိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့်တစ်ရက်ကို ငါးပြုတ်နှင့် အစားထိုးနိုင်ပါသည်။ နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို သင်လိုပါလိမ့်မည်။
ဤအဆီကျဟင်းရည်ကို ဆာလောင်သည့်အချိန်တိုင်း၊ ကြိုက်သလောက် ထပ်ကာထပ်ကာစားသုံးနိုင်ပါသည်။ ဤဟင်းရည်ကိုစားသုံးခြင်းဖြင့်ကယ်လိုရီမတိုးလာနိုင်ပါ။ များများစားလေ များများ အလေးချိန်ပိုလျော့လေဖြစ်ပါသည်။
မည်သည့်ဆေးဝါးမဆို ဤစားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက်အချိန် ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သင်ကိုယ်တွေ့ခံစားကြည့်ပါ။

Satred Heart Hospital မှ
ခွဲစိတ်ကုသမှုမခံယူမီ ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းရန် လိုအပ်သော အ၀လွန်လူနာများအတွက် အသုံးပြုသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား