img.emoticon { padding: 0; margin: 0; border: 0; }

Monday, September 10, 2012

၂၀၁၃ ခုနှစ် ဆီးဂိမ်းအမီ ပြည်တွင်း အင်တာနက် မြန်နှုန်းများအား 10GB အထိ တိုးမြှင့်သွားမည်


မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ခုနှစ် အာဆီယံ ဆီးဂိမ်းပြိုင်ပွဲအမီ ပြည်တွင်း အင်တာနက် လိုင်းများ၏ မြန်နှုန်းကို 10GB အထိ တိုးမြှင့်ဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။ အင်တာနက်မြန်နှုန်းများ အဆင့်မြှင့်တင်ခြင်းကို နေပြည်တော်၌ အဓိက ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-နေပြည်တော် ဖိုက်ဘာဆက်ကြောင်း အဆင့်မြှင့်တင်ခြင်းကို လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ပြည်တွင်း အင်တာနက်လိုင်းများ၏ မြန်နှုန်းတိုးမြှင့် ဆောင်ရွက်ရာ၌ လိုအပ်သည့် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုများကို ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိအချိန်တွင် ပြည်တွင်း၌ သုံးစွဲနေသည့် တစ်နိုင်ငံလုံး၏ အင်တာနက်မြန်နှုန်း Bandwidth မှာ 3GB ဝန်းကျင်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား