img.emoticon { padding: 0; margin: 0; border: 0; }

Monday, August 13, 2012

VOA-Game စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းပတ် English-American style ကဏ္ဍမှာ တင်ပြပေးမယ့် ကစားတယ် game ဝေါဟာရကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများမှာ game plan, give the game away နဲ့ game’s over တို့ဖြစ်ပါတယ်။


ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ game plan ဖြစ်ပါတယ်။ Game = ကစားနည်း, Plan = အစီအစဉ်၊ အကြံအစည် ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကစားနည်း အစီအစဉ် ဖြစ်ပါတယ်။ အားကစားပွဲတွေ၊ အထူးသဖြင့် ဘောလုံး၊ ဘတ်စကတ်ဘော ပြိုင်ပွဲတွေကို ကြည့်မယ်ဆိုရင် အားကစားနည်းပြတွေ၊ အသင်းကပ္ပတိန်တွေ ရှိကြပါတယ်။ သူတို့တွေက ယှဉ်ပြိုင်တဲ့ အားကစားပွဲတွေအရ ဘယ်နည်းနဲ့ ဘယ်ပုံကစားကြမယ်ဆိုတာကို ပွဲမစမီ ကိုယ့်အသင်းသားတွေကို စုပြီး ဘယ်လိုကစားမယ်ဆိုတဲ့ ကစားကွက်ကို ပြောကြတာ ဖြစ်ပါတယ်။ အဲဒါကို game plan လို့ ရည်ညွှန်းပါတယ်။

ဒီအသုံးက အားကစားတင်မဟုတ်ပါဘူး၊ နေ့စဉ်ဘဝမှာလည်း တခုခု ကိုယ်လိုချင်တာကိုရအောင် ဘယ်လိုစီမံကိန်းတွေချ၊ ဘယ်လိုခြေလှမ်းတွေယူမယ်ဆိုတာကို အသေအခြာ စီစဉ်တာမျိုးကိုလည်း ဆိုလိုတာ ဖြစ်ပါတယ်။ တခုခုကို အပိုင်ရလေအောင် အကွက်ချစီစဉ်တာမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The company’s President came up with a very shrewd game plan to win the oil contract.
ကုမ္မဏီရဲ့  ဥက္ကဋ္ဌက ရေနံနဲ့ ပတ်သက်တဲ့ ကန်ထရိုက်ကို ရအောင် သိပ်ကိုပါးနပ်လှတဲ့ အစီအစဉ်ကို ချပြနိုင်ခဲ့တယ်။

ဒုတိယတင်ပြပေးမယ့် အသုံးအနှုန်းမှာ give the game away ဖြစ်ပါတယ်။ Give ကို ဒီနေရာမှာ Away ဆိုတဲ့ ကြိယာဝိသေသန (adverb) နဲ့တွဲပြီး သုံးထားတဲ့ give away က ပေးပြစ်လိုက်တာ၊ ရှုံးအောင်လုပ်တာ၊ အရေးနှိမ့်စေတာ၊ အားလျော့စေတာမျိုးကို ဆိုလိုပါတယ်။ Game = ကစားနည်း တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကစားရာမှာ ရှုံးအောင်လုပ်သည် ဖြစ်ပါတယ်။ အားကစားယှဉ်ပြိုင်ရာမှာ အထူးသဖြင့် တသင်းနဲ့တသင်း ကစားရာမှာ လျှောကစားတာ၊ ကစားရာမှာညံ့တာ၊ ကိုယ့်ကစားမယ့်အကွက်ကို သူများကို သိစေတာ စသဖြင့်အချက်မျိုးတွေကြောင့် ပွဲရှုံးလေ့ရှိတာ အများအသိပဲ ဖြစ်ပါတယ်။ ေ

န့စဉ်ဘဝမှာလည်း ဒီအတိုင်းပါပဲ ကိုယ့်ရဲ့  အကြံအစည်းကို သူများသိအောင်လုပ်တာ၊ တခါတရံလည်း အလွန်ညံ့လွန်လို့ သူများက ကိုယ်ဘာလုပ်နေတယ်ဆိုတာကို သူများက သိတဲ့ဟာလည်းရှိပါတယ်။ သူများမသိအောင် တိတ်တိတ်လုပ်ကာမှ ဘူးပေါ်သလို ပေါ်စေတဲ့အကြောာင်းရှိတဲ့ အခြေအနေမျိုးမှ ဒီ အီဒီယံအသုံးအနှုန်းကို ရည်ညွှန်းသုံးနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It’s a secret. So, don’t give the game away.
ဒါက လျှို့ ဝှက်ရမယ့်ဟာ ဖြစ်တာကြောင့် သူများတွေသိအောင် မလုပ်လိုက်နဲ့။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ game’s over ဖြစ်ပါတယ်။ Game’s = ကစားနည်း (Game’s = Game is), Over = ပြီးသွားပြီ တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကစားပွဲ ပြီးသွားပြီ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝှက်အဓိပ္ပါယ်ကလည်း အားကစားလောကမှာတင်မက နေ့စဉ်ဘဝမှာလည်း တခုခု ပြုလုပ်ရမှာ လူတဦးတယောက်အတွက် နိဂုံးချုပ်သွားပြီ၊ သူ့အတွက် လုပ်စရာမရှိတော့ဘူး၊ ပွဲပြီးသွားပြီဆိုရင် ဒီအသုံးကို ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာစကားမှာတော့ ပွဲပြီးလို့ ဖျာလိပ်ရတဲ့သဘောမျိုးလို ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The election results are in and the Mayor lost. So, the game’s over for him.
ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်းတွေ ဝင်လာပြီ။ မြို့ တော်ဝန် ရှုံးသွားတယ်။ ဒါကြောင့် သူ့အတွက်တော့ ပွဲပြီးသွားပါပြီ။
http://burmese.voanews.com/content/english-learning-idioms-08132012/1485677.html

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား