img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, August 22, 2012

DV မဲကို အောက်တိုဘာ ၁ ရက်တွင် နောက်ထပ် တစ်ကြိမ် မဲဖောက်ရန်ရှိနိုင်

DV 2013 Program အတွက် DV မဲကို အောက်တိုဘာ ၁ ရက်တွင် နောက်ထပ်
တစ်ကြိမ် မဲဖောက်ရန်ရှိနိုင် သည့်အတွက် Confirmaton နံပါတ်ကို သိမ်းထားရန်
 မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန် သံရုံးထုတ်ပြန်ချက် တွင်ရေးသားထားသည်။


2013 အတွက် DV မဲကို မေလ ၁ရက်က တစ်ကြိမ်ထုတ်ပြခဲ့ပြီးဖြစ်၍ မဲပေါက်
မပေါက်ကို www.dvlottery.state.gov ထဲရှိ "Entrant Status" ဟုခေါ်သော
 Link ကိုနိပ်ပြီး မိမိ၏ ၂၀၁၁ ခုတွင် DV စာရင်းသွင်းစဉ်ကရထားသော
Confirmaton နံပါတ်၊ မိမိ၏နောက်ဆုံးအမည်နှင့် မေါးဖွားသည့်ခုနှစ်ကို ရိုက်
ထည့်၍ DV မဲပေါက်မပေါက်ကို ကြည့်နိုင်သည်။

အကယ်၍မဲပေါက်ပါက website မှ ဆက်လုပ်ရမည့် ညွှန်ကြားချက်ကို တပါ
တည်းပေးမည်ဖြစ်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်သည်ဟု
 ရေးသားထားသည်။

ထိုပြင် DV ပေါက်မပေါက်ကိုwww.dvlottery.state.gov တွင်ကြည့်ခြင်းဖြင့်
သာသိနိုင်ပြီး မဲပေါက်ခြင်းကို အီးမေးလ်၊စာဖြင့် အကြောင်းကြားခြင်းမပြူဟု
သိရသည်။

DV Program တွင်ဗီဇာကံစမ်းရန်အတွက်အခကြေးငွေမပေးရကြောင်း မဲပေါက်လျင်လည်းငွေပေးရန်မလိုကြောင်း ထုတ်ပြန်ချက်တွင်သတိပေး
ထားသလို State Department မှလည်းအချက်အလက်များအတွက်
ငွေကြေးမတောင်းခံ့ဟုဆိုသည်။

အီးမေးလ်ဖြင့် DV ပေါက်ကြောင်းအကြောင်းကြားပြီးငွေပို့ခိုင်းခြင်းများကို
အထူးသတ်ပြုရန် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

DV မဲနှင့်ပတ်သက်၍ သိရှိလိုလျင် ရန်ကုန် သံရုံး၏ဗီဇာ website
(http://burma.usembassy.gov/diversity visas.html) တွင်ကြည့်ရှုနိုင်သည်။
  
Popular Myanmar News Journal

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား