img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, August 29, 2012

ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးကြောင်း သြဂုတ်လ ၂၉ ရက်နေ.

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးကြောင်းကို သြဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီ၌ နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းများတွင် ထုတ်ပြန်ကြေညာချက်အရ သိရသည်။




ယခု ထုတ်ပြန်ကြေညာချက်သည် ၀န်ကြီးများပြောင်းလဲခြင်း၊ ခန
့်အပ်တာဝန်ပေးခြင်းတို့အတွက် နိုင်ငံတော်သမ္မတရုံးမှထုတ်ပြန်သော ခြောက်ခုမြောက် ထုတ်ပြန်ချက်ဖြစ်သည်။

အသစ်ခန့်အပ်လိုက်သော ပြည်ထောင်စု ဒုတိယ၀န်ကြီးများနှင့် ၀န်ကြီးဌာနများမှာ ဦးသန့်ကျော်(နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးဇင်ယော်(နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဒေါက်တာမောင်မောင်သိမ်း(ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)တို့ ဖြစ်သည်။


အဆိုပါ ဒုတိယ၀န်ကြီးများတွင် ဒေါက်တာမောင်မောင်သိမ်းမှာ ယခင်က မြန်မာ့အာမခံလုပ်ငန်း အထွေထွေ မန်နေဂျာအဖြစ်လည်းကောင်း၊ ဦးသန့်ကျော်နှင့် ဦးဇင်ယော်တို့မှာ သံအမတ်ကြီးများအဖြစ် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
ထို့အတူ သြဂုတ်လ ၂၇ ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ကြေညာချက်အရ ပြည်ထောင်စုဝန်ကြီး ကိုးဦးအား ဌာနပြောင်းလဲ တာဝန်ပေးအပ်ခဲ့ပြီး၊ ဒုတိယ၀န်ကြီး ၁၅ ဦးအား ခန့်အပ်တာဝန်ပေးအပ်ကာ၊ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စု ၀န်ကြီးနှစ်ဦးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့အား နုတ်ထွက်ခွင့်ပြုခဲ့ပြီး ဒုတိယ၀န်ကြီးတစ်ဦးအား ဌာနပြောင်းလဲ တာဝန်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင်ဝန်ကြီးများ လစ်လပ်လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာန စုစုပေါင်း ၁၀ ခု ဖြစ်သည်။


ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၄ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ) ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ(ခ) ပုဒ်မခွဲငယ် (၉)တို့အရ ဒုတိယ၀န်ကြီးများ ခန့်အပ်ကြောင်းကို နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၂၇/ ၁၂ ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၄ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်သမ္မတက ဒုဝန်ကြီးများ ခန့်အပ်ခြင်းဆိုင်ရာနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားပြီး ဒုဝန်ကြီးများ၏ အရည်အချင်းများကိုလည်း ပြဋ္ဌာန်းထားပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား