img.emoticon { padding: 0; margin: 0; border: 0; }

Monday, July 16, 2012

Ice Age ဇာတ်ကား Box Office တွင် စံချိန်တင်

ဒိုင်နိုဆော ခေတ်က သတ္တဝါများ၏ အကြောင်းမှာ ပရိသတ်များ အတွက် ပိုမို စိတ်ဝင်စားဖွယ် ဖြစ်လာနေပြီ ဖြစ်ကြောင်း Ice Age ဇာတ်လမ်းမှ
သက်သေပြလိုက်ပြီ ဖြစ်သည်။ ယခုအပတ် စနေ ၊ တနင်္ဂနွေ ပြသမှုများမှ တစ်ဆင့် ဒေါ်လာ ၄၆ သန်း ဝင်ငွေ ရရှိလာခဲ့ကာ The Amazing Spider-Man  ဇာတ်ကား ကို ကျော်ဖြတ်ပြီး နံပါတ် ၁ နေရာကို ရယူလိုက်ခြင်း ဖြစ်သည်။


The Amazing Spider-Man ဇာတ်ကားမှာ ဒုတိယမြောက် အပတ်တွင် ဒေါ်လာ ၃၅ သန်း ရရှိပြီး ဒုတိယ နေရာမှ လိုက်နေကြောင်း သိရသည်။ ထို့အပြင် Ted မှာ ဒေါ်လာ ၂၂.၁ သန်းဖြင့် တတိယ နေရာတွင် လည်းကောင်း Pixar မှ ထုတ်လုပ်သည့်  Brave ကားမှာ ၁၀.၆ သန်းဖြင့် စတုတ္ထ နေရာတွင် လည်းကောင်း ရရှိနေပြီး Magic Mike မှာ ဒေါ်လာ ၉ သန်းဖြင့် ငါးနေရာ၌ ရပ်တည်နေကြောင်း သိရသည်။ သို့ရာတွင် နောက်တစ်ပါတ်တွင် ထွက်လာမည့် The Dark Knight Rises  မှာမူ ရုပ်ရှင်ရုံများတွင် ဗိုလ်စွဲနိုင်ရန် အတွက် တာစူနေကြောင်းလည်း သိရသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား