မြန်မာ့
လက်ရွေးစင် ဘောလုံး အသင်းရဲ့ တိုက်စစ်မှူး ကျော်ကိုကိုဟာ ဒဏ်ရာကြောင့်
အနားယူ ရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ကျော်ကိုကိုဟာ ပြီးခဲ့တဲ့
အသက် ၂၂ နှစ်အောက် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းမှာ ပါဝင်ခဲ့တဲ့
ကစားသမား တစ်ဦးဖြစ်ပြီး AFC U-22 ခြေစစ်ပွဲမှာ မြန်မာလူငယ် အသင်းအတွက်
ခြေစွမ်းပြခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ကျော်ကိုကိုဟာ မြန်မာလူငယ်
အသင်းနဲ့အတူ ခြေစစ်ပွဲရဲ့ ပွဲစဉ်များ ဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊
တောင်ကိုရီးယား စတဲ့ အသင်းများနဲ့ ပွဲစဉ်တွေကို ပါဝင် ကစားခဲ့တဲ့ ကစားသမား
တစ်ဦး ဖြစ်ပါတယ်။
အဆိုပါ ပွဲစဉ် ၃ ပွဲမှာ ကျော်ကိုကို အနေနဲ့ မြန်မာ အသင်း အတွက်
စုစုပေါင်း သွင်းဂိုး ၂ ဂိုး သွင်းယူ ပေးခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။
အဲ့ဒီ ပွဲစဉ် ၃ ပွဲ အပြီးမှာတော့ ကျော်ကိုကိုဟာ ဒဏ်ရာကြောင့် တရုတ်
တိုင်ပေ၊ မလေးရှား စတဲ့ ပွဲစဉ်များကို လွဲချော်ခဲ့ရတဲ့ ကစားသမား တစ်ဦး
ဖြစ်ပါတယ်။ ကျော်ကိုကိုရဲ့ ဒဏ်ရာကို ထိခိုက် ဒဏ်ရာနဲ့ အရိုးရောဂါ အထူးကု
ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးမှ ကုပပေးလျက် ရှိကြောင်း သိရပါတယ်။
ကျော်ကိုကိုရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်
မှလည်း အစစ အရာရာ စီစဉ် ဆောင်ရွက်မှု တွေကို ပံ့ပိုးပေး ထားသလို မြန်မာ့
လက်ရွေးစင် ကစားသမား ကျော်ကိုကို ဟာလည်း လာမယ့် AFF SUZUKI ဖလား ခြေစစ်ပွဲ
အမှီ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းမှာ ပါဝင်လာ နိုင်ဖွယ် ရှိကြောင်း
သိရှိပါတယ်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား