img.emoticon { padding: 0; margin: 0; border: 0; }

Monday, July 9, 2012

နိုင်ငံခြားငွေ အမျိုးအစား ၇ မျိုး အတုအစစ်ခွဲစက် ပြည်တွင်းသို့ ၀င်ရောက်လာ

နိုင်ငံခြားငွေ အမျိုးအစား ၇ မျိုးကို အတု အစစ် ခွဲနိုင်တဲ့ နိုင်ငံခြားငွေ စစ်စက် ဟာ ပြည်တွင်း သို့ ၀င်ရောက်ပြီဖြစ်တယ် လို့မြန်မာလက်ရေးမူစနစ် ကျောက်သင်ပုန်းနဲ့
ဘဏ်သုံးစက်ပစ္စည်းများ မိတ်ဆက်ပွဲအခမ်းအနားမှ သိရပါတယ်။ အဆိုပါ ငွေစစ်စက်ဟာ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း၊ တရုတ်ယွမ်၊ စတာလင် ပေါင်၊ စင်္ကာပူဒေါ်လာနဲ့ ဟောင်ကောင်ဒေါ်လာစတဲ့ နိုင်ငံခြားငွေ  ၇ မျိုးကို အတုအစစ်ခွဲနိုင်တဲ့ စက်ဖြစ်တယ်လို့ သိရပါတယ်။


အဲ့ဒီငွေစစ်စက်ဟာ ပရင်တာပါတဲ့ ငွေစစ်စက်နဲ့ ပရင်တာမပါတဲ့ ငွေစစ်စက်ဆိုပြီး အမျိုးအစား ၂ မျိုးရှိတယ်လို့ သိရပါတယ်။ အဆိုပါ နိုင်ငံခြားငွေစစ်စက်ဟာ မြန်ဆန်ရိုးရှင်းပြီး သုံးရလွယ်ကူတယ်လို့ သိရပါတယ်။ အသေးစားနိုင်ငံခြားငွေကြေးလဲလှယ်နေသူများအတွက် စရိတ်သက်သာပြီးယုံကြည်စိတ်ချစွာ အသုံးပြု နိုင်အောင် စီမံထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ငွေစစ်စက်ဈေးနှုန်းတွေကတော့ ပရင်တာမပါတဲ့ ငွေစစ်စက်ဟာ ဒေါ်လာ  ၄၀၀ နဲ့ ပရင်တာပါတဲ့ငွေစစ်စက်က ဒေါ်လာ တစ်ထောင့် တစ်ရာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား