အာဇာနည်ဗိမာန်အား ပြင်ဆင်မှုများပြုလုပ်နေသည်ကို ဇူလိုင်လ ၁၂ရက်နေ့က တွေ့ရစဉ်
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်အား ပြင်ဆင်မှုများပြုလုပ်နေသည်ကို ဇူလိုင်လ ၁၂ရက်နေ့က တွေ့ရစဉ်
''နာဂစ်တုန်းက အဘိုးရဲ့ဂူဗိမာန်က အမိုးတွေပွင့်ထွက်သွားလို့ အနည်းငယ် ပြင်ခဲ့ရသေးတယ်။ ဒီတစ်ခါကတော့ စည်ပင်ခွင့်ပြုချက်နဲ့ တရားဝင် ပြင်တာပါ။ ၂၃ရက်နေ့မှာ ကျရောက်မယ့် အဘိုးကွယ်လွန်ခြင်း ၄၈ နှစ်မြောက်ပွဲအမီ ပြင်သွားမယ်''ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မြေးတစ်ဦးဖြစ်သူ ဒေါ်မြမြအေးက ပြောပါသည်။
အာဇာနည်ဗိမာန်ကို ပြင်ဆင်ခြင်းမှာမူ အာဇာနည်နေ့နီးတိုင်း နှစ်စဉ်ပြုလုပ်နေကျဖြစ်ကြောင်း အာဇာနည်ဗိမာန်ကို ဦးဆောင်ပြုပြင်နေသည့် ရဲအရာရှိကြီးတစ်ဦးက ပြောပါသည်။
http://news-eleven.com/index.php?option=com_content&view=article&id=14539:2012-07-13-07-44-12&catid=42:2009-11-10-07-36-59&Itemid=112
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား