img.emoticon { padding: 0; margin: 0; border: 0; }

Thursday, July 5, 2012

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် သုံးရက်စာကို ရခိုင်ပြည်နယ်သို့ လှူဒါန်းမည်

by 7Day News Journal on Thursday, July 5, 2012 at 12:06pm ·
နေပြည်တော်၊ ဇူလိုင်- ၅
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများကြောင့် ဒေသခံများ သေကြေပျက်စီးခဲ့ကြသည့်အတွက် ဒေသခံများ ပြန်လည်ရပ်တည်နိုင်ရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် သုံးရက်စာကို စုပေါင်းလှူဒါန်းမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အချို့ကို ပြည်သူများနှင့် ထိတွေ့နိုင်ရန် ယင်းဒေသသို့ ကိုယ်စားလှယ်များ ရွေးထုတ်စေလွှတ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုမိနစ်ပိုင်းအတွင်းက ဆုံးဖြတ်လိုက်သည်။


ရခိုင်ပြည်နယ်မှ အခြေအနေများကို သေချာသိရှိနိုင်ရန် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစမ်းစစ်ရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များရွေးချယ်ကာ ပြည်သူများနှင့် ထိတွေ့နိုင်ရန် ရခိုင်ပြည်နယ်သို့ စေလွှတ်မည်ဖြစ်သည်။

ယင်းအဆိုမှာ ပြည်သူ့လွှတ်တော် အစည်းအဝေးယနေ့အစီအစဉ်တွင် ပါဝင်ခြင်းမရှိဘဲ ကြားဖြတ်အရေးပေါ် အစီအစဉ်ဖြင့် အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက တင်သွင်းခဲ့ခြင်းဖြစ်သည်။ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေးခဲ့ကာ လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်း ၄၃၁ ဦးရှိပြီး ကိုယ်စားလှယ်တစ်ဦး၏ နေ့တွက်စရိတ်မှာ ကျပ်တစ်သောင်းဖြစ်ပြီး၊ တတ်နိုင်သည့်ကိုယ်စားလှယ်များကလည်း အလှူငွေထပ်ဆောင်းလှူရန် ဖြစ်သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား