img.emoticon { padding: 0; margin: 0; border: 0; }

Friday, July 6, 2012

ယနေ့ကျင်းပမည့် အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး အစီအစဉ်

ယနေ့ကျင်းပမည့် အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး တတိယနေ့၌ -

၁။ အင်းစိန်ခရိုင် မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိမရှိ

၂။ မင်္ဂလာဒုံမြို့နယ် ရွှေနံသာစံပြတွင်ရှိသည့် အားကစားဝန်ကြီးဌာနပိုင် မြို့နယ် ပြည်သူ့အားကစားကွင်း အား ပြည်သူ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပြုပြင်ပေးရန် အစီအစဉ် ရှိမရှိ


၃။ လမ်းအရှည် ၂၀ မိုင် ၆ ဖာလုံရှိသော ရခိုင်ပြည်နယ် ပေါက်တော၊ မင်းပြားလမ်း ဖောက်လုပ်ခြင်းကို ဆက်လက်ဆောင်ရွက်ရန် အစီအစဉ် ရှိမရှိ

၎။ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မိုင်းခတ် မိုင်းယမ်း လမ်းပေါ်ရှိ နောင်ဖာတံတားကို သံကူ ကွန်ကရစ် တံတား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိမရှိ

၅။ အခြေခံ သမ၀ါယမအသင်းများ မြေဂရန်ရရှိရေး ကိစ္စနှင့် စပ်လျဉ်းသည့်မေးခွန်း

၆။ လမ်းတံတား ဂိတ်ကြေးကောက်ခံမှုနှင့် စပ်လျဉ်းသည့်မေးခွန်း

၇။ ဦးသိန်းဝင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ ၏ ငွေကြေးနှင့် အရင်းအနှီးဈေးကွက်
ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးနှင့် အရင်းအနှီးဈေးကွက် ဥပဒေကြမ်း ရေးဆွဲနေစဉ် ကာလအတွင်း ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ပြုပြင်ဖွဲ့စည်းမှုများ ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်း အဆို

၈။ ဒေါက်တာမြင့်ကြည် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၈ ၏ နိုင်ငံတကာတွင် စီးပွားရေးလက်ဝါးကြီး အုပ်မှုမျိုးကို တားဆိးရန်အတွက် ယှဉ်ပြိုင်မှုဥပဒေနှင့် ယှဉ်ပြိုင်မှုမူဝါဒများကို စတင်ရေးဆွဲ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို

အစရှိသည်တို့ကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား