
သမ္မတ ဦးသိန်းစိန် ၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုဒ် စာမျက်နှာ
ကဲ။ အခုတော့ သမ္မတ အကြံပေးကောင်စီဆိုပြီး ဖွဲ့လိုက်ပါပြီ။
အကြံပေးကောင်စီမှာ ပါဝင်တဲ့ လူစာရင်းလည်း ရလို့ တင်ပြပေးလိုက်ပါတယ်။
အရင်ကတော့ သမ္မတရဲ့ စီးပွားရေးအကြံပေးအဖွဲ့၊ နိုင်ငံရေး အကြံပေးအဖွဲ့ဆို တာတွေ ရှိခဲ့ကြပါတယ်။
အခုကတော့ အကြံပေး ကောင်စီဆိုတော့ အရင်ထက်စာရင် ဖွဲ့စည်းပုံကျကျ ဖွဲ့စည်းတဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။
| ၁။ ဦးမော်သန်း (နာယက) ၂။ ဦးတင်ထွဋ်ဦး (ဥက္ကဋ္ဌ) ၃။ ဒေါက်တာ အောင်ထွန်းသက် (အဖွဲ့ဝင်) ၄။ ဒေါက်တာ ဒေါ်ခင်စန်းရီ (အဖွဲ့ဝင်) ၅။ ဒေါက်တာ ကျော်ရင်လှိုင်(အဖွဲ့ဝင်) ၆။ ဒေါက်တာ ဇော်ဦး (အဖွဲ့ဝင်) ( ယခင် ABSDF ခေါင်းဆောင်ဟောင်း) ၇။ ဦးသီဟံမျိုးညွန့် (အဖွဲ့ဝင်) ၈။ ဦးသန့်မြင့်ဦး (အဖွဲ့ဝင်) ( ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေး ) ၉။ ဦးတင်မောင်သန်း (အဖွဲ့ဝင်) ၁၀။ ဦးဝင်းအောင် (အဖွဲ့ဝင်) ၁၁။ ဦးသောင်းတင် (အဖွဲ့ဝင်) ၁၂။ ဒေါက်တာ ကိုကိုကြီး (အဖွဲ့ဝင်) ၁၃။ ဦးသန်းလွင် (အဖွဲ့ဝင်) ၁၄။ ဦးခင်မောင်အေး (အဖွဲ့ဝင်) ၁၅။ ဦးလှမောင်ရွှေ (အဖွဲ့ဝင်) ( မြန်မာ- အီးဂရက်စ် - ငါးလုပ်ငန်း) ၁၆။ ဦးမိုးကျော် (အဖွဲ့ဝင်) ၁၇။ ဒေါက်တာ ဒေါ်ရင်ရင်နွယ် (အဖွဲ့ဝင်) ၁၈။ ဒေါက်တာ ဆက်အောင် (အတွင်းရေးမှူး) |
အခု ဖွဲ့စည်းလိုက်တဲ့ သမ္မတ အကြံပေးကောင်စီဟာ ဘာတွေ ဘယ်က စလုပ်မလဲ ဆိုတာလည်း ကြေညာချက် လိုမျိုးလည်း ပေါ်ထွက်မလာသေးသလို၊ သမ္မတရုံးရဲ့ အင်တာနက် စာမျက်နှာပေါ်လည်း တက်မလာသေးပါဘူး။
ဒီသတင်းကို သီးခြား အတည်ပြုချက် ယူဖို့ ဧရာဝတီက ကြိုးစားနေပါတယ်။
from The Irrawaddy's Blog by အိမ့်သံစဉ်
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား