img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, June 27, 2012

cmd ကနေ USB Virus တွေကို manual သတ်ကြမယ်


USB Drive တွေကနေ virus ၀င်ခြင်းဟာ လက်ရှိ မြန်မာ ပြည်မှာ အဖြစ်အများဆုံးပါပဲ ၊ ဘယ်လို ကာကွယ်ရသလဲဆိုတာတော့ secpol.msc ကနေလုပ်နည်းကို ပြောပြပြီးပါပြီ၊ ဒါတော့ cmd ကနေ အပြုတ်ဖြုတ်တဲ့ နည်းပါ။ အရင်ဆုံးသင့် computer ဟာ autoplay ပိတ်ထားတာ ကျိန်းသေရပါတယ် ၊(autoplay ပိတ်တာက gpedit.msc ဆိုပြီး run မှာရိုက် ၊ပေါ်လာရင် Administrative Templates ဘေးက + ကိုနှိပ်ပါ၊ ပြီးရင် system ကိုထပ် select ပေးပါ ။ ပြီးရင်ညာဘက် အခြမ်းကို သွား ပြီး Turn off autoplay ဆိုတာကို double Click နှိပ်ပါ၊ Enabled နေရာကို check လုပ်ပြီး အောက်က CD-ROM drives နေရာမှာ All Drives ကို ရွေးရမှာပါ၊ ဒါက window xp အတွက်ပါ ။ window 7 မှာဆိုရင်တော့ group policy (gpedit.msc) ကိုခေါ်ပြီး ဒီလမ်းကြောင်းအတိုင်း သွားပါ ။Computer Configuration > Administrative Templates > Windows Components > autoplay policies > Turn off autoplay ဆိုတာကိုတွေ့ ရင် right-click နှိပ်ပြီး edit လုပ်ပါ ။ စောစောကလို enabled နဲ့  all drives ကိုရွေးပါ ။ ဒါဆိုရင် autoplay ပိတ်ပါပြီ ။
                cmd ကနေ virus ကိုသတ်ဖို့ ဆိုရင် ၊ ပထမဆုံး virus ပါတဲ့ stick ကို ထိုးလိုက်ပါ ၊ဘာကိုမှ မဖွင့်ပါနဲ့ ဦး၊ cmd ထဲကနေ stick ရဲ့ Drive letter ကို ၀င်လိုက်ပါ ။ ဥပမာ stick က F: ဆိုရင် F: ဆိုပြီး cmd မှာရိုက်လိုက်ပါ ၊ ပြီးရင် F: ကိုရောက်နေပြီဆိုရင် attrib *.* -h -r -s ဆိုပြီးရိုက်ပါ ၊ hidden တို့ read-only တို့ system file တို့ ဖြစ်နေတာတွေကို ဖျက်လို့ ရအောင် attribute change လိုက်တာပါ ။ *.* ဆိုတာကတော့ ဘယ် extension နဲ့ ဘယ် file ကိုမဆို ပြောင်းမယ်လို့ ပြောတာပါ ၊ ပြီးရင် dir လို့ ရိုက်ပြီး virus ရှိမရှိကြည့်ပါ ။ ပုံမှန် virus ပါတဲ့ stick ဟာ autorun.inf ဆိုတဲ့ file နဲ့  သူကနေ run ပေးမဲ့ virus၊ နှစ် file တွဲပြီး အမြဲလာပါတယ် ။ autorun.inf ကို open လိုက်ရင် open=name.exe ဆိုပြီးသူ run ပေးတဲ့ virus နာမည်ပါလာတဲ့အတွက် အလွယ်တကူ ရှာဖျက်လို့ ရပါတယ် ၊နာမည် သိပြီဆိုရင် cmd မှာ del name.exe /s /q /f ဆိုပြီးရိုက်လိုက်ရုံပါပဲ ။ cmd ထဲက command တွေအကြောင်းထပ်သိချင်ရင် command အနောက်မှာ space ခံပြီး /? ရိုက်ပြီး ရှာကြည့်လို့ ရပါတယ် ၊ ဒါဆိုရင် အဲဒီ့ name ရှိတဲ့ virus ကို stick တစ်ခုလုံးမှာ ရှိသလောက်ရှာဖျက်ပေးပါလိမ့်မယ် ။ ဒါပေမယ့် virus ဆိုတာ တစ်ခုတည်း ရှိချင်မှရှိတတ်ပါတယ် ။ autorun.inf ကသာတစ်ခုတည်းရှိတာပါ ။ autorun ပျောက်နေတဲ့ virus တွေကိုလည်း သိမှရပါမယ် ၊ဆိုလိုချင်တာကတော့ ကိုယ်ထည့်ထားတာမဟုတ်တဲ့ .exe / .cmd / .bat / .com / .pif / .tmp / .vbs / shortcuts တွေကို သတိထားပြီးရှာရပါတယ် ။ အဲဒီ့ extension (8) မျိုးဟာ  virus တွေ အသုံးများတဲ့ extension တွေပါ ။
               သူတို့ ကို ကိုယ့် file နဲ့ မမှားပဲ ဖျက်တတ်လာပြီဆိုရင်တော့ သင်ဟာ virus ကို manual သတ်နိုင်တဲ့သူပါပဲ ။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား